Thursday, 11 June 2015

Facebook ဆိုင်ရာနည်းလမ်းလေးများ-pdf

မင်္ဂလာပါ ကျွန်တော် သည်နေ့ ရေးသားဖြစ်တာကတော့ Facebook နဲ့ပါတ်သက်တဲ့  အချက်အလက်လေးတွေကို  Internet စသုံးပြီး လေ့လာခါစ ဖြစ်တဲ့ Beginner User တွေအတွက်ဘဲ
အထူးရည်ရွယ်ပြီးရေးလိုက်ခြင်းဖြစ်ပါတယ်.. Facebook ဆိုတာ အွန်လိုင်းသုံးစွဲသူတွေကြားမှာ Popular အဖြစ်ဆုံးဆိုလည်း မမှားနိုင်ပါဘူးနော်..ဒါကြောင့် သိသင့် သိထိုက်တာလေးတွေကို ကျွန်တော် 
စုစည်း မျှဝေခြင်းဖြစ်ပါတယ်... လိုအပ်ပါက အောက်မှာ ဒေါင်းယူ လေ့လာနိုင်ပါတယ်..။

( OR )

အဆင်ပြေပါစေ..
ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************


ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

[IMG]
[IMG]

Friday, 29 May 2015

Facebook Page များမှ Feed ယူနည်း(Facebook page IDအလွယ်ရယူနည်း)

ဖေ့ဘုတ်ပေ့ခ်ျများမှ Feed ကို ရယူမယ်ဆိုရင် အဲဒီပေ့ခ်ျရဲ့ အိုင်ဒီ နံပါတ်ကိုအရင်သိဖို့လိုပါတယ်။ ပေ့ခ်ျရဲ့ အိုင်ဒီ နံပါတ်ကို မသိလို့ ကြည့်ချင်ယင် အလွယ်တကူရှာနိုင်တဲ့ ဆိုဒ်ကလေးတစ်ခုရှိပါတယ်။ အောက်ကလင့်ကိုသွားပါ။

Click Here  

အောက်ကပုံလိုတွေ့ရပါလိမ့်မယ်။
Enter your personal Facebook profile URL:အကွက်မှာမိမိ Feed ယူမယ့် page ရဲ့  link ကို ထည့်ပေးပါ။
 ပြီးရင် Lookup numeric ID..ကိုနှိပ်လိုက်ရင် အောက်ပါအတိုင်း မိမိ page ရဲ့ ID နံပါတ်ကိုရရှိမှာဖြစ်ပါတယ်။ဒီနံပါတ်ကိုယူပြီး Feed ယူမှာဖြစ်ပါတယ်။


Feed ယူရမယ့် link ကတော့
https://www.facebook.com/feeds/page.php?format=atom10&id=
 ဖြစ်ပါတယ်
id= နောက်မှာ မိမိ ရှာထားတဲ့ ID နံပါတ်ကိုထည့်လိုက်ပါ။အောက်ပါအတိုင်းပေါ့
https://www.facebook.com/feeds/page.php?format=atom10&id=356436567818916
ဒါဟာ FacebookPage ရဲ့ Feed link ပဲဖြစ်ပါတယ်။Feed ရောက်မရောက်မသေချာရင် အဲဒီလင့်ကို Browser မှာ paste လုပ်ပြီး load ကြည့်ပါ။ feed ရောက်ရင် အိုကေပါပြီ။ဒီနည်းနဲ့ မိမိနှစ်သက်ရာ page တွေရဲ့  Feed တွေကို ရယူနိုင်ကြပါစေ
Written by Hanwailinn-www.sayyoethe.blogspot.com
www.facebook.com/hanwailinn.hanwailinn

[IMG]
[IMG]
ခုလိုအားပေးတဲ့အတွက်ကျေးဇူးပါ..Facebook Page လေးကိုတော့ LIKE ပေးသွားပါဗျာ..လိုအပ်တာတွေကိုလည်း C-box မှာ မှာကြားခဲ့နိုင်ပါတယ်



ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

Facebook ပေါ်တွင် Mp-3 တင်နည်း


မင်္ဂလာ ​ပါ ကျွန်နော် သည်​တ​ခါ ရေးသား​ဖြစ်​တဲ့ နည်း​ပညာ​လေး​ကတော့  လူ​တွေ​အများ​ဆုံး အသုံးပြု နေ​ကြ​တဲ့ Facebook မှာ Video တွေ​ကို Post တင်​လို့ လွယ်ကူ​ပေ​မယ့်  Mp3 ကိုတော့ တင်​ဖို့ ခက်ခဲ​ကြ​ပါ​တယ်  အဲ​အတွက် အရမ်း​ကို လွယ်ကူ​ရိုး​ရှင်း​တဲ့ နည်း​လမ်း​လေး​လည်း​ဖြစ်​တဲ့ အတွက်
ကျွန်တော် ခု​လို​ရေးသား မျှဝေ​လိုက်​ခြင်း​ဖြစ်​ပါ​တယ်.. ဒါ​ကတော့ Facebook ပေး​မှာ Mp-3 သီချင်း​တွေ​ကို Sound Cloud Apk လေးကနေ မိမိ​တို့ FB ပေါ်​မှာ အလွယ်​တ​ကူ​တင်​နိုင်​မဲ့​နည်း​လမ်း​လေး​ပါ။
အောက်မှာ နည်း​လမ်း​ကို​ပုံ​လေး​တွေ​နဲ့ တစ်​ကွ ရှင်း​ပြ​ထား​ပါ​တယ်နော်..လေ့​လာ​လိုက်​ကြ​စို့

ပထမဆုံး မိမိ​တို့ ဖုန်း​မှာ လို​အပ်​တာ Sound  Cloud Apk  လေးဘဲဖြစ်ပါတယ် ဒါ​ကို Playstore တွေမှာလည်း ဒေါင်း​လို့​အဆင်​ပြေ​ပါ​တယ်...သည်မှာ​လည်း​လင့်​ချ​ပေးလိုက်​ပါ​တယ်


ဒေါင်း​ပြီး​တာ​နဲ့ ဖုန်း​မှာ Install လုပ်​ပေး​ပြီး ဖွင့်​လိုက်​ပါနော်
ဒါဆို ပုံ​မှာ​ပြ​ထား​သ​လို Sing Up for Sound Cloud ဆိုတာကလစ်လိုက်ပါ။ နောက်​တ​ဆင့်​ကတော့
အကောင့်ဝင်ရမှာဖြစ်ပါတယ် ဝင်​ဖို့ နည်း​လမ်း​တွေ ရှိ​ပါ​တယ် ကျွန် တော်​ကတော့ အပေါ်​ဆုံး​က Sing in with Google ဆိုတာနဲ့ဝင်လိုက်ပါတယ် ဖုန်း​မှာ​ရှိ​ပြီး​သား​အကောင့်​နဲ့​ပေါ့.. ဒါ​မှ​မဟုတ်
အောက်မှာ Email  &  Password ဆိုတာမှာ အကောင့်​လုပ်​ပြီး​ဝင်​လိုက်​လို့​ရ​ပါ​တယ်။
အကောင့်​ဝင်​လိုက်​တာ​နဲ့ အောက်​က​ပုံ​တိုင်း Continue ဆိုတာကလစ်ပါ ခဏ​စောင့်​လိုက်​ပါ အကောင့်​အတည်​ဖြစ်​တာ​နဲ့ FINISH ဆိုတာနဲ့ ပုံ​လေး​လို​ပြ​လာ​ပါ​မယ်။


အို ​ကေ ဒါ​ဆို မိမိ​တို့ အကောင့်​တ​ခု​ရ​တာ​မို့ ပြန်​ပိတ်​လိုက်​လို့​ရ​ပါ​ပြီနော်.. ကျွန်တော်​တို့ သီချင်း​တင်​ဖို့​အတွက် ဖုန်း ထဲ​က သီချင်း​ရှိ​တဲ့ နေရာ​သွား​ကြ​မယ်နော် ကိုယ်​တင်​လို​တဲ့ Mp-3 သီ​ချင်းပေါ် ဖိ​ထား​ပေးလိုက်​ပါ..ပြီး​တာ​နဲ့​တက်​လာ​တဲ့​ဘောက်​လေး​ထဲ​က Share Via ဆိုတာကလစ်လိုက်ပါ။


အို ​ကေ ဒါ​ဆို ခဏ​စောင့်​နေ​လိုက်​ပါနော် တင်​တဲ​က​နေရာ​မှာ စိတ်​ကြိုက် ပုံ​ထည့်​လိုက်​ပါ သီချင်း​အမည် ထည့်​ပါ.. ပြီး​တာ​နဲ့ အောက်​က  Post  ဆို​တာ​က​လစ်​လိုက်​ပါ.. တင်​နေ​တာ​ကို​တွေ့​နေ​ရ​ပါ​ပြီ..
100% ထိစောင့်နေ​လိုက်​ပါ ။


ပြည့်​ပြီ​ဆို​တာ​နဲ့ ဖုန်း​မှာ ွ​ရှိ​တဲ့  Sound Cloud Apk ကိုဖွင့်ပေးလိုက်ပါ ကြည့်​လိုက်​ပါ။
တင်ထားတဲ့ သီချင်း​တွေ တွေ​က​နေ​ရ​ပါ​ပြီ  Facebook ပေါ်​တင်​လို​သော​သီချင်း​ကို က​လစ်​ပြီး​ဖွင့်​လိုက်​ပါ
အဲခါမှာ အောက်​ခြေ​မှာ ရှိ​တဲ့ အစက်​ကလေး​သုံး​စက်  က​နေ​က​လစ်​လိုက်​ပါ Share ဆို​တာ​ဆက်​က​လစ်​ပါ။


ဒါ​ဆို ဘောက်​တစ်​ခု​တက်​လာ​မှာ​ဖြစ်​ပါ​တယ် အဲ​ထဲ​က မိမိ​တို့ Facebook ဆို​တာ​နဲ့ က​လစ်​ပြီး​သွား​လိုက်​ပါ။
အချိန် ခဏ​တော့ စောင့်​ပေး​နေ​လိုက်​ပါ Facebook  ပေါ်​မှာ Post Upload တင်​နေ​မှာ​ဖြစ်​ပါ​တယ်.. ပြီး​တာ​နဲ့ မိမိ​တို့ Facebook  ကို​ဝင်​ကြည့်​လိုက်​ပါ.. တင်​ထား​တဲ့ သီချင်း​လေး​ကို 
တွေ့မြင်ရမှာဖြစ်ပါတယ်နော်.. ဒါ​ဆို အဆင်​ပြေ​ပါ​ပြီ....။


အဆင်​ပြေ​မယ်​လို့ မျှော်လင့်​ရင်း တတ်သိ​လေ့​လာ​မိ​သ​လောက် ပြန်လည် မျှဝေ​လိုက်​ရ​ပါ​တယ်​ခင်္ဗျာ
သည်နည်းလမ်းလေးကို စာအုပ်​အဖြစ် ဒေါင်း​ယူ​လို​ပါ​က

ဘ​လော့​ခရီးသည် ( မျှဝေ​သူ )


ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

Monday, 25 May 2015

ဘလော့မှ fb like box လေးထည့်နည်းပါ


ကျွန်တော့်အစ်ကို ကိုအောင်အောင် ရဲ့အကူအညီတောင်းမှုကြောင့်
ကျွန်တော်ဒီပို့စ်လေးကို အမြန်ရေးလိုက်ရပါတယ်

ဘလော်ဂါတွေရဲ့ ဘလော့လေးတွေမှာ facebook like လေးတွေ လုပ်ချင်မှာပါ
ဆိုဒ်ရဲ့ Side bar မှာ facebook like လေးလုပ်ထားခြင်းဖြင့် ကိုယ့်ဆိုဒ်ကို
လူတွေ ဘယ်လောက် လေ့လာလဲ သိရတဲ့အပြင် အဲဒီ facebook page မှာ
တင်သမျှကို Like လုပ်ထားတဲ့ မိတ်ဆွေတွေ ကို facebook က notification ပြပါလိမ့်မယ်ဗျာ

Facebook Like box လုပ်ဖို့က အရင်ဆုံး facebook fan page တစ်ခု လိုပါမယ်
Facebook fan page လုပ်နည်းလေးကိုတော့ ကျွန်တော့်ညီလေး ဝေလင်းဌေးရေးထားပါတယ်
ဒီမှာ   (  https://www.facebook.com/pages/create.php  )  သွားရောက်ဖတ်ရှုလိုက်ပါ မိတ်ဆွေတို့ facebook page လေးတစ်ခုလုပ်ပြီးပြီဆိုရင်တော့
မိမိ facebook page Link လေးကိုသိဖို့လိုအပ်ပါတယ် 

မိမိ facebook fan page လင့်လေးကို မသိရင် မိတ်ဆွေတို့ရဲ့ facebook မှာ Home ကို
နှိပ်လိုက်ပါ ပြီးရင်တော့ ဘယ်ဘက်မှာ လုပ်ထားတဲ့ facebook page လေးကို 
Right Click နှိပ်ပြီးတော့ Copy Link Location ကိုနှိပ်လိုက်ပါ
မသိရင်အောက်ကပုံလေးကိုကြည့်လိုက်ပါ....
 

facebook like box လေးလုပ်ဖို့ ဒီနေရာလေး ကိုသွားလိုက်ပါ

ပြီးရင် Facebook page URL ဆိုတဲ့နေရာလေးမှာ ခုနက ကော်ပီကူးထားတဲ့ လင့်လေးကို
ကီးဘုတ်က Ctrl+V သို့မဟုတ် mouse က Right Click နှိပ်ပြီး Paste လုပ်ပေးလိုက်ပါ
အောက်က Width နဲ့ Height ကတော့ မိမိ ဘလော့ရဲ့ side bar နဲ့
အဆင်ပြေမှာလေး ရိုက်ထည့်ရမှာပါ .. Color Scheme ဆိုတာကတော့
မိမိဆိုဒ်လေးက အလင်းဆိုဒ်လား အမှောင်ဆိုဒ်လားပေါ့ တစ်နည်းဆိုရလျှင်
အဖြူများနေရင်တော့အလင်းဆိုဒ်လေးပေါ့ ဒါဆို Light ကိုရွေးပေးလိုက်ပါ
အမည်းဆိုဒ်လေးဆိုရင်တော့ Dark ကိုရွေးပေးရမှာပါ 
ပြီးရင်တော့ Get Code ကိုနှိပ်လိုက်ပါဗျာ
 
အပေါ်မှာပြထားတဲ့ပုံလေးအတိုင်း Box လေးတစ်ခုတက်လာမှာပါ အဲဒါဆို
IFRAME ကိုရွေးပြီးတော့ ကျွန်တော် အနီနဲ့ ၀ိုင်းပြထားတဲ့ ကုဒ်တွေ အားလုံးကို 
ကော်ပီကူးပြီးတော့ မိမိဘလော့လေးရဲ့ HTML/javascript ကုဒ်ထည့်တဲ့ နေရာလေးမှာ
ထည့်ပေးလိုက်ရုံနဲ့ပဲ facebook Like box လေးဖြစ်သွားမှာပါ ဒီအဆင့်လေးကိုတော့
သေချာမပြောတော့ပါဘူး Blogger အားလုံး ဒီအဆင့်လေးကိုတော့သိကြမှာပါ
ဒါဆိုရင်တော့ ကျွန်တော်တို့ blog လေးမှာ facebook Like လေးကိုတွေ့မြင်ရမှာပါခင်ဗျာ

 အားလုံးအဆင်ပြေကြမယ်ထင်ပါတယ်

Post By:အောင်ကျော်(ပုသိမ်)

အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

Sunday, 24 May 2015

ဘလော့ပို့စ်တွေကို Facebook ပေါ်ရှယ်နည်း( c-box တောင်းဆိုမှု)


 အားလုံး မင်္ဂလာပါဗျာ သည်နည်းပညာလေးကတော့ သိပ်မထူးဆန်းပေမယ့်  တယောက်သောသူ လာရောက်မေးမြန်းတောင်းဆိုထားတဲ့အတွက်  မသိသေးသူများလည်း သိနိုင်စေရန်အတွက်
တင်ပြလိုက်ရပါတယ်...
တောင်းဆိုသူကတော့.........

mgminntar: ဆိုဒ်ကနေရှယ်လိုက်တာကို ဖန်းဖ်ပေ့မှာကော် ရိုးရိုးနာမည်ဖေ့မှာကော်ပေါ်အောင်ဘယ်လိုလုပ်လည်း

 အဆင်ပြေအောင် ပုံလေးတွေနဲ့ သေခြာ ရှင်းပြပါ့မယ်...နော်...ပထမဆုံး ကျွန်တော် တင်ထားတဲ့
Share ဘောင်လှလှလေးကို မိမိတို့ ဘလော့မှာ ထည့်ထားဖို့ လိုပါမယ်..အဲအတွက် ထည့်ရမဲ့ နေရာနဲ့  ထည့်နည်း ကုဒ်ရယူနည်းကို  အောက်မှာ သွားကြည့်ပြီး လ်ုပလိုက်ပါနော်..


ဘလော့အတွက် share box လှလှလေး လုပ်ဖို့   သည်နေရာ  ကိုသွားလုပ်လိုက်ပါ။
ဘလော့အတွက် share ဘောင်လေး ရယူနည်းကိုတော့   သည်မှာ    လေ့လာလိုက်ပါ။

 စမယ်နော်....
အဆင့်  (၁)  အနေနဲ့  အောက်ကပုံလေးကို ကြည့်လိုက်ပါ။


 ရှယ်ဘောင်လေး မိမိတို့ ဘလော့ပေါ် ရရှိပြီဆိုတာနဲ့  share ဆိုတာလေးကို မောက်တင်လိုက်ပါ။
မောက်တင်လို့ အောက်ကပုံအတိုင်းရှယ်ဘောင်လေး တက်မလာပါက  ကလစ်ပေးလိုက်ပါ..
များသောအားဖြင့်တော့ ပမထဆုံး ရှယ်ဖို့တော့ မောက်တင်တာနဲ့ ပေါ်လာပါတယ်.. နောက်ပို့စ်တွေ ရှယ်မယ်ဆို ကလစ်ပေးမှာ ထွက်လာတတ်ပါတယ်...


အဆင့်  (၂)  အနေနဲ့ အောက် ကပုံကိုကြည့်လိုက်ပါ
အပေါ်ကလို ကလစ်တာနဲ့ ရှယ်နိုင်တဲ့ ဘောင်လေးတက်လာမှာ ဖြစ်ပါတယ်... အဲခါမှာ
်Facebook ဆိုတာလေးကို ကလစ်ပေးလိုက်ပါ...နော်... မိမိတို့ စက်မှာ fb sing in ၀င်ထားပြီးဆို တန်းပေါ်လာမယ်.. မ၀င်ရသေးရင် ၀င်ပေးရမှာပါ...

အဆင့်  (၃)  အနေနဲ့...အောက်ကတိုင်းဆက်လုပ်ပေးလိုက်ပါ


ခုလိုလေး  fb စာမျက်နှာ ကျလာပါမယ်.. အဲခါမှာ..(၁) မိမိတို့ ကိုယ်ပိုင် စာမျက်နှာပေါ်  ရှယ်လိုလားး
(၂) သူငယ်ချင်းစာမျက်နှာပေါ် ရှယ်ပေးလိုလား 
(၃) fb  group တွေအပေါ်ရှယိလိုသလားး
(၄) မိမိတို့ ကိုယ်ပိုင် fan page ပေါ်ပြန်ရှယ်မလားး
          စိတ်ကြိုက် ရွေးချယ်လိုက်ပါ...သည်လောက်ဆို ရှင်းပါတယ်နော်..
ပြီးတာနဲ့  Share Link ဆိုတာကိုကလစ်ပေးလိုက်ပါ.... ရောက်ပါ့မယ်ဗျာ......
                           အဆင်ပြေကြပါစေ     
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ အဆင်မပြေတာများရှိခဲ့ပါက...cbox မှာ ပြောခဲ့ကြပါနော်..

<<<မန်ဘာဝင်ပြီး...Fb Like ခြင်းဖြင့် အားပေးကြပါနော်>>>


Facebook Fan Page ကိုမလိုခြင်ပြန်ဖျက်နည်း

 ဘလော့ကာမိတ်ဆွေများအတွက်  မိမိတို့ လုပ်မိထားသော ဘလော့ကာရဲ့ facebook fan page အပိုတွေကို ဖျက်လိုပါက  ဖျက်နိုင်ရန်  နည်းလမ်းလေးကို တင်ပြလိုက်ရပါတယ်နော်... အလွယ်လေးပါ
                             
    အမြန်ဖျက်ချင်ရင် ဒီကို နှိပ်လိုက် - https://www.facebook.com/pages/Delete

 အောက်မှာ ပုံလေးနဲ့တစ်ကွ ရှင်းပြပေးထားပါတယ်.....


 မိမိတို့ facebook ကနေ ဖျက်လိုသော  ပေ့ကိုကလစ်ပေးလိုက်ပါ..အပေါ်ပုံကပြထားသလိုပေါ့..နော်

 အပေါ်ပုံတိုင်းကျလာမယ်..အဲခါမှာ Edit Page ကနေကလစ်ပြီး Manage Permissions ဆိုတာကိုကလစ်ပါ.
အပေါ်ပုံတိုင်းထပ်ကျလာတာနဲ့ အောက်နားမှာ Delete For .....မိမိဘလော့ပေ့အမည်... ဆိုပြီးရှိပါတယ်
အဲတာကိုကလစ်ပြီး ဖျက်ပေးလိုက်တာနဲ့  ok  ပေါ့နော်.... အဆင်ပြေကြပါစေ....

<<<တာဝန်မလေးပါကတချက်လောက်ကလစ်ပေးခဲ့စေလို>>>

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

Facebook Page တွေမှ Feed ယူနည်း



ဖ့ဘုတ်ပေခ်ျတွေကနေ အကြောင်းကြောင်းကြောင့် Feed ယူချင်တယ်ဆိုရင် ယူရမယ့် လင့်ဖန်တီးမှုအကြောင်းပါ မသိသေးသူများအတွက်ပါခင်ဗျာ

အရင်ဦးဆုံးကိုယ် feed ယူမယ်page ရဲ့ အိုင်ဒီ ကိုသိရပါမယ် ... အိုင်ဒီဆိုတာကတော့ အဲဒီပေ့ရဲ့ လင့်မှာပါတဲ့ ဂဏန်းစုတွေထဲကမှ နောက်ဆုံးကိန်းစုကိုပြောတာဖြစ်ပါတယ် ဥပမာ


ပုံမှာဆိုရင် ရှေ့က ကိန်းတွေက အိုင်ဒီမဟုတ်ပဲ နောက်က ကိန်းတွေကမှာ  အိုင်ဒီနံပါတ်ဖြစ်ပါတယ်ပုံ့မှာဆိုရင်တော့
13........95 ပေါ့ဗျာ...

အဲဒီအိုင်ဒီကို အောက်ကလင့်ရဲ့ (FacebookFansPageIdHere) ဆိုတဲ့နေရမှာထည့်ပေးရမှာဖြစ်ပါတယ်
  Atom အနေနဲ့
- http://www.facebook.com/feeds/page.php?format=atom10id=(FacebookFansPageIdHere)
    RSS အနေနဲ့
 – http://www.facebook.com/feeds/page.php?format=rss20&id=(FacebookFansPageIdHere)

မရရင်


https://www.facebook.com/feeds/page.php?id=Page ID here&format=rss20

ပုံကပေ့ခ်ျရဲ့ feed ယူမယ်ဆိုရင် အိုင်ဒီက 378156838895039 ဖြစ်တဲ့အတွက်...

    Atom 1.0 - http://www.facebook.com/feeds/page.php?format=atom10&id=378156838895039
    RSS 2.0 – http://www.facebook.com/feeds/page.php?format=rss20&id=378156838895039

ဆိုပြီးဖြစ်ပါတယ် ကိုကြိုက်တဲ့ဟာယူနိုင်ပါတယ် အဲဒီနည်းနဲ့ facebook page ကနေ feed တွေယူနိုင်ပါတယ်
တချို့ပေ့တွေရဲ့ id က Address bar မှာတိုက်ရိုက်မတွေ့ဖူးဆိုရင် အဲဒီပေ့ရဲ့ profile picture ပေါ်ကိုRight click နှိပ်ပြီး copy link loaction ကနေ note pad မှာ paste လုပ်လိုက်ပါ..ဒါဆို ... အိုင်ဒီပါတဲ့လင့်ကိုရမှာပါခင်ဗျာ..

ကျေးဇူးပါ
ပို့ရေးသူ-ဆေးရိုးသည်www.sayyoethe.blogspot.com
[IMG]

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ