Saturday, 30 May 2015

ဘလောက်လုပ်ပုံ အဆင့်ဆင့် အပိုင်း(၃)



1.3. Moderate Comments
ဘလော့ဂ်များတွင် ပိုစ့်တစ်ခုချင်းစီကို Comment မှတ်ချက် ပေးလို့ရသည်။ မည်သူမဆို ပေးလို့ရအောင် ခွင့်ပြုနိုင်သလို
ကိုယ်ခွင့်ပြုလိုသူများကိုသာ မှတ်ချက်ပေးနိုင်အောင် သတ်မှတ်ပေးထားလို့လည်း ရသည်။ Blospotက အသင့်ပေးထားသော Comment System ကို အသုံးပြုလို့ ရသလို အခြားကိုယ်နှစ်သက်သော စနစ်ကို အသုံးပြုမည် ဆိုလျှင်လည်း အဆင်ပြေသည်။ ဤနေရာတွင်မူ Blogspot မှအသင့်ပေးထားသော ကွန်မန့် စနစ်အကြောင်းကိုသာ ရှင်းပြသွားပါမည်။


Moderate Comments ဆိုသည်မှာ Comments များကို ထိန်းချုပ်ခြင်းပင် ဖြစ်သည်။ အခြားသူများကို မမြင်စေချင်သော အချို့ သော Comments များကို ခွင့်မပြုသေဲး ဆိုင်းငံ့ထားနိုင်သည်။ ပယ်ဖျက် ပစ်နိုင်သည်။ သို့မဟုတ် ကိုယ့်ဘလော့ဂ်ကို ဖတ်ရှုသော မည်သူကိုမဆို Comments လုပ်ခွင့် ပေးနိုင်သလို၊ Comments ပေးနိုင်ခွင့်ကို သတ်မှတ်ထားသော သူများမှသာ ရရှိရန် သတ်မှတ်ပေးနိုင်သည်။ ယင်းသို့ ထိန်းချုပ်နိုင်ရန်အတွက်မူ မိမိဘလော့ဂ်၏ Comment စနစ်ကို Setting အောက်မှ Comments ကဏ္ဍတွင် သွားရောက် ပြင်ဆင်ပေးရမည် ဖြစ်သည်။ Blogger ၏ အသင့်သုံး မှတ်ချက် စနစ်မှာ လူတိုင်းကို မှတ်ချက်ပေးနိုင်အောင် ခွင့်ပြုထားသည်။ ထို့ကြောင့် ထိုစနစ်ကို သွား၍ မပြင်ဆင်သမျှ မိမိဘလော့ဂ်တွင် လူတိုင်းပေးသော မှတ်ချက်များကို အလိုအလျောက် ဖော်ပြနေမည် ဖြစ်သလို ယခု Posting>Moderate Comment ခလုတ်ကို နှိပ်လျှင်လည်း ဘာမှ မြင်ရမည် မဟုတ်ပေ။ Moderate လုပ်စရာ Comments မရှိဘူး ဟူ၍သာ ပြောပေလိမ့်မည်။
2. SettingSetting ကဏ္ဍတွင် အပိုင်း (၇)ပိုင်း ရှိသည်။
1. Basic
2. Publishing
3. Formatting
4. Comments
5. Archiving
6. Site Feed
7. Email
8. Permissions စသည်တို့ ဖြစ်သည်။
2.1. Basic
ယင်းကဏ္ဍသည် ဆိုဒ်တစ်ခုလုံး၏ အခြေခံ အဆင့်ဖြစ်သည်။ အဓိက အပိုင်း ကိုးပိုင်း ပါဝင်သည်။ ယင်းတို့မှာ
1. Title (ဘလော့ဂ် ခေါင်းစဉ်)
2. Description (ဘလော့ဂ် အကြောင်းအရာ)
3. Add your blog to our listings? (Blogger.com မှာ ဖော်ပြမှာလား)
4. Let search engines find your blog? (Search Engine တွေကို အလိုအလျောက် ရှာခွင့်ပြုမှာလား)
5. Show quick editing on your blog? (ပိုစ့်တွေကို အလွယ်တကူ ပြင်တဲ့ ခလုတ် တပ်မှာလား)
6. Show email post links? (ပိုစ့်တွေကို အီးမေးလ်နဲ့ ပို့လို့ရတဲ့ လင့်ခ် ထားပေးမှာလား)
7. Show compose mode for all your blogs? (ဘလော့ဂ်တွေမှာ တိုက်ရိုက်ပိုစ့် တင်တဲ့စနစ် ထားမှာလား)
8. Show transliteration button for your posts? (စာရိုက်တဲ့ နေရာမှာ ဘာသာပြန်တဲ့ ခလုတ် ထားမှာလား)
9. Delete your blog? (လုပ်ထားတဲ့ ဘလော့ဂ်ကို ဖျက်မှာလား)



Po

သည်ဆိုဒ်လေး ဖြစ်ဖို့ ကျနော် စိတ်ကူးယဉ်ခဲ့တာ ကြာပါပြီဗျာ.. စုဆောင်းထားသမျှလေးတွေနဲ့ ကြိုးစားထူထောင်လိုက်ပါပြီ။ ကျနော့်ရဲ့ မြင်ဆရာ kp-3 ကိုအားကျမိလို့ပါ။ အားပေးမှုကိုအစဉ်လေးစားလျှက်ပါ။ တုန်ပြန်မှုလေးတစ်ခုအနေနဲ့...စကားလေးတစ်ခွန်းဘဲ ချန်ခဲ့ရင် ကျေနပ်ပါပြီ။
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

[IMG]
[IMG]

ဘလောက်လုပ်ပုံအဆင့်ဆင့် အပိုင်း(၂)

အားလုံးပြီးသွားပြီဆိုရင်တော့ ဒီလိုမျိုးလေးတွေ့ရမှာပါ။ Dashboard တွင် မိမိဖန်တီးထားသော ဘလော့ဂ်ကို မြင်တွေ့ရမည် ဖြစ်သည်။ ဂူဂယ်လ် အကောင့်တစ်ခုဖြင့် ဘလော့ဂ်အရေအတွက် အကန့်အသတ်မရှိ ဖန်တီးနိုင်သည်။ ယခု Dashboard တွင် မြင်ရသည့် ဘလော့ဂ်များထဲမှ မိမိအသုံးပြုလိုသည် ဘလော့ဂ်ကို ရွေးချယ်ပေးရမည်။ ယခုမှ ပထမစလုပ်သော ဘလော့ဂ်များ အနေနှင့်မူ ယင်းနေရာတွင် ဘလော့ဂ် တစ်ခုတည်းသာ တွေ့နေရမည် ဖြစ်သည်။

ဘလော့ဂ်တစ်ခု တည်ဆောက်ရာတွင် အဓိက အခန်းကဏ္ဍ သုံးခုရှိသည်။ ယင်းတို့မှာ
• Posts
• Setting
•Layouts
စသည်တို့ဖြစ်သည်။ Posts အပိုင်းမှာ စာရိုက်ခြင်း၊ တင်ခြင်းများနှင့် သက်ဆိုင်သည်။ Setting အပိုင်းမှာ ဘလော့ဂ်ကို မည်သို့ ထိန်းချုပ်မည်၊ မည်သို့ တင်ပြမည် စသည်တို့နှင့် သက်ဆိုင်သည်။ Layout အပိုင်းမှာ ဘလော့ဂ်၏ အဆင်အပြင်နှင့် ဖွဲ့စည်းမှု ပုံစံများကို ဖန်တီးယူသော အပိုင်းဖြစ်သည်။

(၁) Posting (စတင်ခြင်း)
ိdashboard မှာမြင်နေဖြစ်ပါတဲ့ Post ဆိုတာလေးကို နှိပ်မယ်ဆိုရင် ကျွန်တော်တို့ဟာ စာရိုက်တဲ့နေရာကို တိုက်ရိုက်ရောက်သွားမှာဖြစ်ပါတယ်။ Posting ခေါင်းစဉ်အောက်က creat, Edit Post, Moderate Commant စသည်ဖြင့် ရှိနေပါတယ်။
Creat က ပို့စ်အသစ်တွေကို ဖန်တီးရေးသားတာ
Edit Post က ပို့စ်တွေကို ပြန်ပြင်တာ
Moderate Commant က သူများ ပေးလာတဲ့ မှတ်ချက်တွေကို ထိန်းချုပ်ထားတာပါ။

ဒီပုံမှာ ပိုစ့်တစ်ခုတင်ခြင်းနှင့် ပတ်သတ်သော အရာအားလုံးကို ပြသထားပါသည်။ ကိုယ်ရိုက်ချင်သော စာသားများကို အပြာရောင် ပြထားသော နေရာတွင် ရိုက်ရပါမည်။ မြန်မာလို စာသားထည့်သွင်းခြင်းများအတွက် ဘလော့ဂါ အများစုက ဇော်ဂျီ ကီးဘုတ်နှင့် ဖောင့်ကို အသုံးပြုကြသည်။ ယင်းအကြောင်းကို နောက်ပိုင်း အခန်းတွင် ဆက်ရှင်းပြပါမည်။ စာရိုက်ပြီးသွားလျှင် မိမိ၏စာနှင့် သက်ဆိုင်သော ခေါင်းစဉ်ကို Title နေရာတွင် တပ်ပေးရပါမည်။ Labels ဆိုသည်မှာ ကိုယ်ရေးထားသော စာနှင့် ကိုက်ညီသော နာမည်တစ်ခု ဖြစ်သည်။ ဥပမာအားဖြင့် ကိုယ်က ခရီးသွားအတွေ့အကြုံတစ်ခု ရေးသားသည်ဆိုလျှင် Travel လိုနာမည်မျိုး ပေးခြင်း ဖြစ်သည်။ ယင်းလေဘယ်လ် ပေးခြင်းသည် နောက်ပိုင်းတွင် မိမိ၏ ပိုစ့်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ပြန်လည်ခွဲခြားရာတွင် အထူးအရေးပါသည်။ ထို့ကြောင့် စာတစ်ပုဒ် ရေးပြီးတိုင်းတွင် ယင်းစာနှင့် ပတ်သတ်သော လေဘယ်များကို သတိမမေ့စေဘဲ မှတ်မှတ်သားသား ပေးသင့်သည်။ စာသားများကို ဘယ်ကပ်၊ ညာကပ်၊ Text Alignment များပြုလုပ်လိုလျှင်လည်း Text Editor တွင် လွယ်ကူစွာ ပြောင်းလဲနိုင်သည်။ အားလုံး ပြီးသွားသော်လည်း စာကို အင်တာနက်ပေါ်သို့ ချက်ချင်း မတင်ချင်သေးဘူးဆိုလျှင် Save Now ဟူသော ခလုတ်ကို နှိပ်ခြင်းဖြင့် သိမ်းထားနိုင်သည်။ ထိုသို့မဟုတ်ဘဲ ချက်ချင်း အင်တာနက်ပေါ် တိုက်ရိုက် တင်မည်ဆိုလျှင် Publish Post ဆိုသည်ကို နှိပ်လိုက်သည်နှင့် မိမိစာသည် ဘလော့ဂ်ပေါ် တင်ပြီးသား ဖြစ်သွားပေလိမ့်မည်။ ယင်းသို့ စာရိုက်ရာတွင် ပုံများကိုလည်း ပူးတွဲ တင်ပြနိုင်သည်။ ယင်းသို့ ပုံတင်ရာတွင် ၂မျိုးရှိသည်။ မိမိ၏ ဘလော့ဂါ အကောင့်မှ ပုံကို မိမိဘလော့ဂ်တွင် တင်ခြင်းနှင့် ဘလော့ဂါမဟုတ်သော အခြားအကောင့်မှပုံကို မိမိဘလော့ဂ်တွင် တင်ခြင်းဟူ၍ ဖြစ်သည်။

မိမိ၏ ဘလော့ဂ် အကောင့်တွင် တိုက်ရိုက်တင်ခြင်း
ပထမ ကိုယ်တင်ချင်တဲ့ ပုံကို စက်ထဲကနေ ရွေးပေးပါ။ တစ်ပုံထက် ပိုတယ်ဆိုရင် Add Another Image ဆိုတာလေးကို နှိပ်ရပါမယ်။ ပုံကို ဘလော့ဂ်ပေါ်မှာ ဘယ်လို ပေါ်စေချင်သလဲ ဆိုတာကိုတော့ ဒုတိယ အဆင့် အနေနဲ့ ရွေးပေးရပါတယ်။ ဘယ်ဘက်မှာလား၊ ညာဘက်မှာလား စသည်ဖြင့်။ နောက်ဆုံးကတော့ Image Size ရွေးပေးရတာပါ။ စမ်းသပ်ချက်များအရ Medium ကအကောင်းဆုံးပါ။ အားလုံး ပြီးသွားရင် အောက်ဆုံးက Upload Image ဆိုတာကို နှိပ်ပေးလိုက်ပါ။

နှိပ်ပေးလိုက်ပါ။အထက်ပါကဲ့သို့ ပုံတင်ပြီးသွားပြီဖြစ်ကြောင်း အကြောင်းကြားစာ ပေါ်လာလျှင် Done ကိုနှိပ်ပြီး အတည်ပြုပေးလိုက်ပါ။ ပြီးလျှင် ယခင်အဆင့်တွင် ပြထားသကဲ့သို့ စာကို ပုံနှင့်တကွ မိမိဘလော့ဂ်ပေါ်သို့ Publish ကိုနှိပ်ပြီး တိုက်ရိုက် တင်နိုင်ပြီ ဖြစ်သည်။

Edit Posts
ယခု အပိုင်းမှာ ယခင် ရေးသွင်းထားပြီးသား ပိုစ့်များတွင် တစ်ခုခု အမှားအယွင်း ရှိလျှင်သော်လည်းကောင်း၊ အခြား အကြောင်းအမျိုးမျိုး ကြောင့်သော်လည်းကောင်း ပြင်ဆင် တည်းဖြတ်မှု ပြန်လည် ပြုလုပ်လိုလျှင် အသုံးပြုရသည်။

Edit Posts ကဏ္ဍအောက်တွင် ရှိနေသော ပိုစ့် သုံးခုကို တွေ့ရမည် ဖြစ်သည်။ ယင်းပိုစ့်များထဲမှ တစ်ခုခုကို ပြင်ချင်လျှင် သက်ဆိုင်ရာပိုစ့်၏ ဘေးတွင် ရှိနေသော Edit ဆိုသည့် ခလုတ်ကို နှိပ်ပေးရန်သာ ဖြစ်သည်။ ထိုအခါ ယခင် တင်ခဲ့သော ပြင်ဆင်လိုသည့် ပိုစ့်သည် Create အဆင့်မှာကဲ့သို့ ပြန်ပေါ်လာမည် ဖြစ်သည်။ ထိုအချိန်တွင်မှ ပုံအသစ်များ၊ စာသားအသစ်များ ထည့်သွင်းမည် ဆိုလျှင်လည်း ရသည်။ တင်ထားပြီးသား စာများ ပိုစ့်များကို ဖျက်မည်ဆိုလျှင်လည်း ရသည်။ ယင်းကဏ္ဍထဲတွင် ပိုစ့်များနှင့် သက်ဆိုင်သော Labels များကိုလည်း တွေ့နိုင်သည်။


ညီနေမင်း (နည်းပညာ)


ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

[IMG]
[IMG]

ဘလောက်လုပ်ပုံအဆင့်ဆင့် အပိုင်း(၁)


ကျွန်တော် ကိုညီလင်းဆက်ဆီကနေ သိလာတာလေးကို လေ့လာသူများအနေနှင့် အကျိုးရှိမယ်ထင်လို့ ပို့စ်အဖြစ်တင်လိုက်ပါတယ် ..
သာမန် ဘလော့ဂ်တစ်ခု တည်ဆောက်ခြင်း

အဆင့် (၁)
Create Google Account

ဘလော့ဂ်တစ်ခု တည်ဆောက်ရန်အတွက် သင့်ထံတွင် Google Account သို့မဟုတ် Gmail Account တစ်ခု ရှိရန် လိုအပ်ပါသည်။ Google Account ကို ဒီနေရာမှာ ရယူနိုင်သည်။

အဆင့် (၂)
First Step to Blog

www.blogger.com ကိုသွားပါ။ သင်၏ Google Account နှင့် စကားဝှက်ကို ထည့်သွင်းပါ။




အဆင့် (၃)
Name Your Blog

သင်၏ ဘလော့ဂ်အတွက် နာမည် (Blog Title)၊ လိပ်စာ (Blog Address) စသည်တို့ကို ထည့်သွင်းပါ။ ဘလော့ဂ် နာမည်မှာ ထိုဘလော့ဂ်ကို ကိုယ်စားပြုသော နာမည်ဖြစ်လျှင် ပိုကောင်းပါသည်။ လိပ်စာကိုတော့ အရှည်ကြီး ပေးမည့်အစား ခပ်တိုတိုပေးခြင်းက ပိုပြီး အဆင်ပြေစေပါသည်။ (ထိုအရာများမှာ အချိန်မရွေး ကိုယ်နှစ်သက်သလို ပြောင်းလဲနိုင်သည်ကို နောက်ပိုင်း သက်ဆိုင်ရာ အခန်းတွင် ရှင်းပြသွားပါမည်)

သင့်ဘလော့ဂ် လိပ်စာကို ပေးပြီးပါက အဆိုပါ လိပ်စာမှာ အသုံးပြု၍ ရနိုင်မရနိုင်ကို အနီရောင်ဖြင့် ပြထားသော Check Availability ဆိုသည်ကို နှိပ်ပြီး စစ်ဆေးနိုင်ပါသည်။ ထို့နောက် အပြာကွင်းပြထားသော နေရာတွင် အလိုအလျောက် ပေါ်လာသော စာလုံးများကို မလွဲအောင် ပြန်ရိုက်ပေးရပါမည်။ အားလုံးပြီးဆုံးလျှင် Continue ကိုနှိပ်ရပါမည်။

အဆင့် (၄)
Choose Template

ထိုအဆင့်တွင် ကိုယ့်ဘလော့ဂ်၏ အသွင်အပြင် ပုံသဏ္ဍာန် Template ကိုရွေးချယ်ပေးရမည် ဖြစ်သည်။ ကိုယ်နှစ်သက်သော နောက်ခံအရောင်၊ စာသား အထားအသို စသည်တို့နှင့် ကိုက်ညီသော Template တစ်ခုကို ရွေးချယ်ပြီး အနီရောင် အဝိုင်းပြထားသော နေရာတွင် Mark လုပ်ပေးရမည် ဖြစ်သည်။ ရွေးချယ်ပြီးလျှင် Continue ကိုနှိပ်ပါ။ ထိုအခါ အောက်ဖော်ပြပါ ပုံတွင် တွေ့ရသကဲ့သို့ သင့်တွင် ဘလော့ဂ်တစ်ခု ဖန်တီးပြီးဖြစ်ကြောင်း အသိပေးမည် ဖြစ်သည်။ စာစတင် ရိုက်သွင်းရန်အတွက် အောက်ခြေမှ Start Posting ဆိုသည်ကို နှိပ်ပေးရန် လိုအပ်ပါသည်။


အမှန်စစ်စစ် အဆင့်လေးတွင် ယေဘုယျ ဘလော့ဂ်တစ်ခု ဖန်တီးခြင်းလုပ်ငန်း ပြီးဆုံးပြီဖြစ်သည်။ သို့ရာတွင် အဆိုပါ Start Posting ကိုနှိပ်လိုက်ပါက အောက်ပါ စာမျက်နှာကို မြင်ရမည် ဖြစ်သည်။ တဆက်တည်း မြင်သာထင်ရှားစေရန် ပထမဆုံး စာမူတစ်ခုကို စမ်းသပ် တင်ကြည့်ပါ။ စာရိုက်တဲ့နေရာမှာ Edit Html အကွက်ထဲမှာပဲ စာကိုရိုက်ရမှာပါ.. compose မှာ စာမရိုက်ရပါဘူး။ တော်တော်များများဟာ compose မှာပဲ ရိုက်ကြတာပါ။ ပို့စ်မပေါ်ဘူးလားလို့မေးစရာရှိပါတယ်။ ပေါ်ပါတယ် ဒါပေမယ့် ကုတ်တွေထည့်ချင်တယ်ဆိုတာမျိုး တစ်ခုခု html ကုတ်တစ်ခုခု တင်မယ်ဆိုရင် အဲ့ဒီ့မှာ ကုတ်တွေများတော့ ရှုပ်ကုန်ရောပေါ့။ compose ဆိုတာ တစ်ကယ်တော့ ကာလာထည့်မှာတို့ကို စာလုံးညှိတာတို့ကို လုပ်ပေးပါတယ်။ ဆိုလိုတာက ပို့စ်တွေကို ဘယ်ညှိလား၊ ညာညှိလား၊ အလယ်ညှိလား၊ နှစ်ဖက်ညီလား၊ ဒါမျိုးတွေကို ညှိပေးတာကို အဓိကထားလုပ်ပါတယ်။ အဲ့ဒီ့တော့ ကျွန်တော်တို့ ပို့စ်တွေကို Edit Html နဲ့ပဲရေးကြရအောင်ဗျာ။ ကုတ်တွေရောမရောသိချင်ရင် ကျွန်တော်တို့ compose နဲ့ရိုက်ပြီးရင် html နဲ့ပြန်ကြည့်ပါ ကုတ်တွေထွက်ကျလာပါလိမ့်မယ်။ html နဲ့ရိုက်ရင်တော့ ဘာကုတ်မှ ပေါ်မှာမဟုတ်ပါဘူး။ အဲ စာအားလုံးရိုက်ပြီးပြီဆိုရင်တော့ publish post ဆိုတာလေးကို နှိပ်ဖို့မမေ့ပါနဲ့ဗျာ။ ဘာဖြစ်လို့လဲဆိုရင် Publish ကိုမနှိပ်ရင် စာဖတ်သူ တင်တဲ့ပို့စ်ကို သူက ပေါ်ပေးမှာမဟုတ်ပါဘူး။


ညီနေမင်း(နည်းပညာ)

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

[IMG]
[IMG]

Wednesday, 27 May 2015

Address ဘားမှာ လိုဂိုလေးတွေထည့်မယ်


ကျွန်တော် တို့ ဘလော့ဂ်တစ်ခုကိုဝင်လိုက်ပြီဆိုရင် ဘရောက်ဇာရဲ့ ထိပ်မှာရှိတဲ့ လိပ်စာ ဘားမှာ ဘလော်ဂါကွန် ရဲ့လိုဂိုလေး ကိုဒီလိုတွေ့ရမှာ ဖြစ်ပါတယ်...။


ကဲ ဒီနေရာလေး ကို ကိုယ်ပိုင်လိုဂိုလေး အဖြစ်ပြောင်းချင်သူ များအတွက် ဘယ်လိုလုပ်ရမလဲဆိုတာ လေး ဝေမျှပေးချင်ပါတယ်သိပြီးသူများ သိပြီးဖြစ်ကောင်းဖြစ်နေမှာ ဖြစ်ပေမယ့် မသိသေးသူများ လုပ်ရမှာ ခက်ခဲနေသူများ အတွက် ရည်ရွယ်ပြီး ဝေမျှလိုက်တာပါ...။

လုပ်ပုံလုပ်နည်းကတော့ အလွန်လွယ်ကူပါတယ် ကဲစလိုက်ကြရအောင်...

(၁)  ပထမဦးဆုံး ဘလော့ဂ် ရဲ့ Template  ကိုဝင်လိုက်ပါ..

(၂)   ပြီးရင်တော့ Edit HTML ထဲကိုထပ်ဝင်လိုက်ပါ...
ctrl+f ဖြင့်တွဲကလစ်ပြီးကျလာတဲ့  search box မှာ အောက်ကကုဒ်ထည့်ရှာပါ
အဲဒီမှာ ကုဒ်တွေထဲက

<head>
ဆိုတဲ့ကုဒ်လေးရဲ့ နောက်မှာဒီကုဒ်ကိုထည့်လိုက်ပါ...

<link href='http://www.fos.su.se/~arnold/travel/asia2001/myanmar_flag.gif'
rel='shortcut icon'/>

အထက်ကလင့်လေးတွေဘဲလေ.. အပြာရောင်လင့်တွေက လိုဂို ပုံရဲ့လင့်ပါ။
အပေါ်ကလင့်က မြန်မာနိုင်ငံအလံလေးပါ။


<link href='http://www.flagsimporter.com/american/images/buddhist_m.gif'
rel='shortcut icon'/>
အပေါ်ကတော့ သာသနာ့အလံလေးရဲ့ လင့်ပါ။
 မိမိတို့စိတ်တိုင်းကြပုံရဲ့ လင့်ကို လင့်ယူပြီး စိတ်ကြိုက် ထည့်နိုင်ပါတယ်....
အဆင်ပြေပါစေနော်..
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ 


ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

Tuesday, 26 May 2015

Author Box ကိုရိုးရိုးရှင်းရှင်းလေးထားချင်သူများအတွက်


Wordpress မှာတော့ Author box ရှိသေးရင် Blogger မှာလည်းရှိနိုင်ပါတယ်။ ဒါကြောင့် အားမငယ်ပါနဲ့။ မရှိတာကို ရှိအောင်လုပ်ဖို့မခက်ပါဘူး။ Tech in Blogging မှကလိထားတာ တစ်ခုရှိပါတယ်။

အထက်ပါပုံလိုမျိုးဖြစ်ချင်တယ်ဆိုရင် လွယ်လွယ်လေးပါ။ ခု Add to Blogger ကို အရင် ကလစ်ပါ။ Add Page Element ဆိုပြီး page ပေါ်လာပါလိမ့်မယ်။ Add Widget ကို ကလစ်ပါ။

ဒါဆိုရင်သူ့ရဲ့ CSS Code ရောက်သွားပါပြီဗျာ။

 Blogger >> Template >> Edit HTML ကိုသွားပြီးရင်

<div class='post-footer-line post-footer-line-1'/>
<div class='post-footer'>
<div class='post-footer-line post-footer-line-2'/>
<div class='post-body entry-content'>

ဒီကုဒ်သုံးခုကို တစ်ခုခြင်းလိုက်ရှာပါ။ တွေ့တာနဲ့ အဲ့ကုဒ်အောက်မှာ Author box ကိုသာထည့်ပေတော့။

<div id="tib-author">
<img src="ကိုယ့်ပုံကိုယ်ထည့်ပါ" width="55" />
<br />
<h5 style="color: black;">
<b>Author:</b>နာမည်ထည့်</h5>
<div class="author-descrip">
သင့်အကြောင်းနဲ့ပတ်သတ်တဲ့အကျဉ်းချုပ် နည်းနည်းရေးရုံပဲ</div>
</div><div style="text-align: right;">
<a href="http://adf.ly/MgZer"><span style="font-size: x-small;"><b>Get this widget » ရယူရန် </b></span></a><span style="font-size: x-small;"><b></b></span></div>

ကိုယ့်ပုံကိုယ်ထည့်ပါ နေရာမှာ ကိုယ့်ပုံကို တင်ပါဗျာ။
နာမည်ထည့် နေရာမှာ နာမည်အရင်းထည့်ချင်ရင်ထည့်ပါ။ သို့မဟုတ် သင်ယခု Blogger မှာသုံးနေတဲ့နာမည်ကို ထည့်ပါ။
သင့်အကြောင်းနဲ့ပတ်သတ်တဲ့အကျဉ်းချုပ် နည်းနည်းရေးရုံပဲ နေရာမှာ အများကြီးရေးစရာမလိုပါဘူး။ အင်္ဂလိပ်လိုပဲဖြစ်ဖြစ် ၊ မြန်မာလိုပဲဖြစ်ဖြစ် ရေးလို့ရပါတယ်။
တခြား html တွေကပြင်စရာမလိုဘူး။ ကျွန်တော်အရောင်နဲ့ပေးထားတဲ့ စာတွေကိုပဲပြင်လိုက်ပါ။

အဆင်ပြေပါစေ။ ကျွန်တော့်ဆိုဒ်မှာသုံးနေတဲ့ Widgets လေးကိုလိုချင်ရင်လည်း နောက်မှ share လိုက်ပါဦးမယ်။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************



ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

Saturday, 23 May 2015

ဘလော့ကိုအလွယ်ဆုံးပြုပြင်နည်း( အသစ်များအတွက်အထူး)




မင်္ဂလာပါနော်...ခု တင်ပေးတဲ့ နည်းပညာလေးကတော့ဘလော့ကာ လုပ်စ သူငယ်ချင်းများအတွက် အထူး
ရည်ရွယ်လိုက်တာပါ...   ဘလော့လေးတစ်ခု တည်ဆောက်ပြီး  ဘယ်လို အလန်းဆုံးဖြစ်အောင် ပြုပြင်
ဖန်တီးနိုင်မယ်  ဆိုတဲ့ နည်းပညာလေးပါဘဲ.... လွယ်ကူပေမယ့်  စလုပ်ခါစ  သူတွေအတွက်တော့...
မသိသေးးတော့ ခက်ခဲ  တတ်ပါတယ်.. အဲအတွက်  ကျွန်တော် ရည်ရွယ်ပြီး  ဒါလေးကို  ရေးဖြစ်တာပါ..
ပထမဆုံး  ဘလော့လေးတစ်ခုကို  ပိုင်ဆိုင် ထားပြီပေါ့နော်.. အဲမှာ... ဘယ်ကနေ စလို့  ဘယ်လို ဖန်တီးကြမယ်ဆိုတာပေါ့ါ...စမယ်နော်...
      အဆင့်   (၁)   အနေနဲ့....စမယ်နော်

မိမိတို့ ဘလော့ကာ ကနေ template ဆိုတာကလစ်တာနဲ့ အပေါ်ကပုံကို မြင်ရမယ်.. 
အဲမှာ တစ်ခုအရေးကြီးးတာ ရှိပါတယ်.. ဘာလဲဆိုတော့ မိမိတို့ လိုခြင်သော တက်ပလက် ပုံစံကို
ရွေးချယ်ဖို့ပါဘဲ... အပေါ်ပုံပြထားတဲ့ Simple ဆိုတဲ့ အမည် အောက်မှာ သူ့ရဲ့ တက်ပလက် ပုံစံကို တွေ့
ရပါမယ်... အလားးတူဘဲ..အောက်မှာ ကြည့်လိုက်ရင်    အများကြီးးရှိပါတယ်... ကိုယ့်စိတ်ကြိုက် ရွေးချယ် နိုင်ပါတယ်...
(၁) Simple
(2)  Dynamic Views
(3)  Picture Window
(4)  Awesome Inc.
(5)  Watermark
(6)  Ethereal
(7) Travel  စသည့် အမည်တွေနဲ့
တက်ပလက်မျိုးစုံကိုတွေ့မြင်ကြရမှာပါ  အဲထဲကနေ မိမိ နှစ်သက်ရာ တခုခုကို ရွေးလိုက်ပါ။.
ကျွန်တော့်အကြိုက်ဆုံး ဒီဇိုင်းကတော့  နံပါတ် (4)  Awesome Inc. ကိုပါ... သူကဆိုဒ်ဘား ပို့စ်ဘော်ဒီတွေကို  လှပသေသပ်စွာ  ဘောင်လေးတွေ ခတ်ပေးနိုင်ပါတယ်.. များသောအားဖြင့်တော့
ဘလော့ကာတော်တော်များများက  လာလာပြီးမေးတတ်ကြတဲ့ပြဿနာက  တက်ပလက်ကို ဘောင်လေး ဇယားလေးတွေနဲ့ လုပ်ခြင်လို့ပါဆိုတဲ့ ပြဿနာကိုပါဘဲ... ဒါဆို 
(4)  Awesome Inc.ကိုရွေးချယ်လိုက်တာနဲ့  အဆင်ပြေပါပြီ...နော်  ကဲဆက်ကြည့်လိုက်ပါ။
ရွေးပြီး အတည်ပြုပြီးတာနဲ့ အောက်ကအဆင့်တွေအတိုင်း စလိုက်ပါတော့။။။


 အဆင့် (၁) အနေနဲ့  အပေါ်ကပြထားသလို  ကလစ်ပြီး template ဆိုတာကို သွားလိုက်ပါနော်...




       အဆင့်   (၂)  အနေနဲ့  အပေါ်ပုံ ကျလာပြီ  ဆိုတဲံအခါ မှာ... Customise ဆိုတာကိုကလစ်ပေး
လိုက်ပါ... အဲနေရာမှာ ဘဲ  မိမိစိတ်ကြိုက်  တက်ပလက် တွေကို ရွေးးမယ်ဆိုလဲ ရွေးချယ်နှိုင်ပါတယ်နော်.


 အဆင့်  (၃)  အနေနဲ့  ကေတာ့.. အပေါ်ပုံကို က်ြည့လိုက်ပါ.. ဘေးက layout ဆိုတာကလစ်ပြီး
မိမိတို့ ဆိုဒ်အတွက်  ဆိုဒ်ဘားး ပုံစံ ဒီဇိုင်းတွေ ရွေးချယ်လိုက်ပါ  ဘယ်ညာ ထားးမလားးး
ညာတစ်ခု ဘဲလားးးး...  ဆိုတာ ရွေးပေးပေါ့.... လိုခြင်တာ ကို စိတ်ကြိုက် ရွေးးပြီး Apply to Blogs ကို
ကလစ်ပေးလိုက်ပါ..

 အဆင့်  (၄)  အနေနဲ့  အပေါ်ပုံကို က်ြည့လိုက်ပါ... မိမိတို့ တက်ပလက်ကို ကျယ် နိုင် ကျဉ်းနိုင်တဲ့
နေရာလေးပေါ့... ဘေးက အနီပြထားတဲံ Adjust widths ဆိုတာကိုကလစ်ပြီး  လိုအပ်သလို
ချဲ့နိုင်  ပါတယ်...

  အဆင့်   (၅)  အနေနဲ့... ကတော့ နောက်ဆုံးးလုပ်ဆောင်ချက်  အရ... မိမိတို့ ဘလောလေ့း လှပသေသပ်ဖို့  ကာလာတွေ  ချိန်ကြမယ်.... စာလုံးးဆိုဒ် အရွယ်အစားတွေ  ပြောင်းကြမယ်  ပေါ့
ဘေးမှာ အနီပြထားးတယ်  အဲကနေ တစ်ခုချင်းဆီ  ကလစ်ပြီး  ပြင်ပေးလိုက်ပါ. သည်နေရာ ကိုရောက်ဖို့ဆိုတာက  ဘေးက Advanced ဆိုတာကလစ်ပြီး  သွားရမှာ ဖြစ်ပါတယ်....နော်..
သည်နေရာရောက်တာနဲ့  ဘလော့လေးး လှပသေသပ်ဖို့  ကြိုက်သလို  ကလိပေတော့ဗျာ....
             ခေါင်းစဉ်ကာလာ  တွေ... ဆိုဒ်ဘားကာလာတွေ  လင့်ကာလာတွေ  အမျိုးမျိုး  ဖန်တီးနိုင်ပါတယ်....နော်..ဘလော့  စတင် ဖွင့်နည်းကိုတော့ စာအုပ်တွေ ရော အရင်ကလည်းတင်ခဲ့ဘူးးလို့  သည် နည်းလေးကတော့  အလွယ်ကူဆုံး  ဘလော့လေးကို  ပြုပြင်နည်း
အနေနဲ့   တင်ပေးလိုက်ရတာပါ..
တကယ်လို့  မရှင်းးတာ မသိတာရှိခဲ့ ရင် www.aungsanmks.com ချက်ဘောက်မှာ လာရောက်မေးမြန်းနိုင်ပါတ.ယ်...

နောင်အမြဲ  ဘလော့ပညာဆိုင်ရာတွေကို .. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ