Thursday, 28 May 2015

Blogaway v6.5 Apk ( ဖုန်းဖြင့် အသုံးပြုရန်အတွက် )



-Android ဖုန်းနဲ့ ဘ​လော့ဂ်​​ရေးသားသူ
Blogger များအတွက်​၊မိမိတို့ရဲ့ဖုန်း​လေး
ပေါ်က​နေ၊post ​တွေကို၊လွယ်​ကူလျှင်​မြန်​စွာ
ရေးတင်​လို့ရ​စေမယ့်​ "Blogaway"ဆိုတဲ့
Application ​လေးတစ်​ခုကိုတင်​​ပေးလိုက်​ပါပြီ-

-multiple accounts ဆိုတဲ့featureပါဝင်
တာမို့ ဘ​လော့ဂ်​ဆိုဒ်​အ​ကောင့်​န်​များစွာကို
လည်းဒီ app ​လေးထဲထည့်​သွင်း set up 
လုပ်​ထားပြီး၊လွယ်​ကူလျှင်​မြန်​စွာနဲ့ပို့စ်​​တွေကို
တင်​​ပေးလို့ရပါပြီ-

-Read your blogs ဆိုတာ​ကြောင့်​၊ကိုယ်​တင်​ပြီးသားပို့စ်​​တွေကို၊ဒီ app ထဲက​နေပြန်​ဖတ်​ရှုလို့
ရ​စေပါတယ်​-

- Add multiple photos and videos
ကိုယ်​တင်​မယ့်​ပို့စ်​ကို​ရေးသားပြီးလျှင်​၊
photo ​တွေနဲ့အတူ၊video ​တွေကိုပါ
အဆင့်​ဆင့်​ထပ်​​ပေါင်းထည့်​ပြီးတင်​လို့လည်း
ရ​စေပါမယ်​-

- Add labels to your posts
ကိုယ်​တင်​မယ့်​ပို့စ်​ကိုလည်း label အမှတ်
တံဆိပ်​များထိုးမှတ်​ထားလို့ရ​စေပါတယ်​-

- Add your location to your posts
ကိုယ့်​တင်​မယ့်​ပို့စ်​ထဲကိုလည်း၊ကိုယ့်​ရဲ့
တည်​​နေရာ location ကိုထည့်​​ပေးထားလို့
ရပါတယ်​-

- Drafts auto saved locally
ရေးသားထားပြီးသားပို့စ်​ကို ကိုယ်​တင်​ချင်​တဲ့
အချိန်​မှာတင်​နိုင်​​အောင်​ auto drafts ဆိုတဲ့
function လည်းထည့်​​ပေးထားပါတယ်​-

- View comments on your posts
ကိုယ်​တင်​လိုက်​တဲ့ပို့စ်​ထဲမှာ၊ကွန်​မန့်​​ရေးထား
ခဲ့တာ​တွေကိုလည်း၊ဒီ apk ထဲက​နေ​တွေ့မြင်
ကြည့်​ရှုလို့ရ​စေမှာပါ-

- signature
signature ​နေရာမှာ၊ကိုယ်​​ရေးချင်​တဲ့
အ​ကြောင်းအရာကို၊တစ်​ခါ​ရေးသား​ပေးထား
ရုံနဲ့၊ကိုယ်​တင်​တဲ့ပို့စ်​တိုင်းမှာ၊၎င်းအ​ကြောင်း
အရာများ auto ပါဝင်​​နေမယ့်​ စနစ်​လည်း
ပါရှိထားပါ​သေးတယ်​-

- Deleting posts
ဘ​လော့ဂ်​မှာကိုယ်​တင်​လိုက်​တဲ့ပို့စ်​​တွေ၊
တင်​ပြီးသားထဲက၊ကိုယ်​မကြိုက်​တဲ့ပို့စ်​​တွေ
ကိုလည်း၊ဖျက်​ပစ်​ချင်​ပါက၊ဒီ apk ထဲက​နေ
၎င်းပို့စ်​များကို delete လုပ်​၍ဖျက်​ပစ်​နိုင်​ပါတယ်

- Rich formatting options
ကောင်းမွန်​ပြည့်​စုံတဲ့ formatting စီစဉ်​နိုင်​မှု
အ​နေအထား​တွေကိုလည်းထပ်​မံ​ရွေးချယ်
နိုင်​ပါ​သေးတယ်​-

-Apk File Size 2MB ရှိပြီး
-Android OS Version 4.0 နှင့်​အထက်​ရှိတဲ့
ဖုန်းများမှာထည့်​သွင်း installing လုပ်​၍
အသုံးပြုနိုင်​ပါပြီ-

-Blogaway v6.5 Apk အား​အောက်​က
လင့်​ခ်​ကိုနှိပ်​၍​ဒေါင်းလုပ်​ရယူသွားနိုင်​ပါပြီ-

★DOWNLOAD ဆွဲရန်​ လင့်​ခ်​★


   အဆင်​​ပြေပါ​စေ။
        ကို​ဇော်​သွင်​(နည်းပညာ)


ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

Sunday, 24 May 2015

Blog/Website တွေကို apk တစ်ခုတည်းနဲ့ ကြည့်လို့ရအောင်လုပ်နည်း


ဟိုတစ်ပတ်က ဘလော့ခရီးသည်က appyet.com မှာ မိမိကြိုက်တဲ့ Blog/Website ကို apk လုပ်နည်းကို ရေးသွားခဲ့ပါတယ်..
http://www.maungpauk.org/2013/08/android-onlineoff-line-apk_9346.html မှာပေါ့ဗျာ.. အဲဒါနဲ့ပတ်သက်ပြီး apk တစ်ခုတည်းမှာ ဘလော့တွေ စုပြီးလုပ်ချင်တယ်လို့ ထပ်တောင်းလာကြပြန်တယ်.. ဥုံလိုပေါ့ဗျ... ဥုံကို တစ်ချို့က ကျွန်တော်လုပ်တာလို့ထင်နေကြတယ်.. မဟုတ်ဘူးခင်ဗျ.. ဥုံက သူ့ Admin ရှိပါတယ်.. ကဲ. ဥုံလောက်အသေးစိပ်မကျပေမယ့် ဥုံလိုပဲ ဘလော့တွေ၊ ဝက်ဘ်ဆိုဒ်တွေကို ခုနက ဘလော့ခရီးသည်ရေးခဲ့တဲ့နေရာမှာပဲ လုပ်ကြည့်ရအောင်.. ကျွန်တော်က ဘလော့ရီးသည်ရဲ့ အဆက်ကိုပဲ ရေးမှာဆိုတော့ http://www.maungpauk.org/2013/08/android-onlineoff-line-apk_9346.html မှာ လုပ်နည်းကို အရင်ကြည့်ကြပါအုံး.. ( အစကနေ ပြန်မရေးချင်တာလည်း ပါပါတယ်.. )
ကဲ. ပြီးပြီဆိုရင် ဘလော့တစ်ခုကို apk တစ်ခုတော့ ရပြီးပြီနှော်.. အဲဒီ apk ထဲမှာ ထပ်တိုးရအောင်..

1. www.appyet.com မှာ ကိုယ်က Register လုပ်ထားပြီးပြီဆိုတော့ Login အရင် ဝင်လိုက်ပါ..
2. ကိုယ်လုပ်ခဲ့တဲ့ apk လေးတွေ့မှာပါ.. ညာဘက်ဆုံးက Detil ဆိုတာကိုနှိပ်လိုက်ပါ..
3. ရောက်လာတဲ့စာမျက်နှာမှာ အပေါ်တန်းက Modules ကိုနှိပ်လိုက်ပါ.. 
အဲဒီမှာ အောက်နားက အဝါရောင် Button တွေ တွေ့လားဗျာ.. အဲဒီ Button တွေမှာ Feed(RSS/Actom) ကတော့ RSS Feed တွေ ရယူပြီး ချက်ချင်းထည့်နိုင်ပါတယ်.. အဝါရောင် Button အလိုက် ကိုယ်ထည့်ချင်တာ (Facebook, Blog, Wordpress, Youtube ) တွေထည့်လို့ရပါတယ်.. ကျွန်တော်က ဘလော့နဲ့ ဝက်ဘ်ဆိုဒ်ထည့်မှာဆိုတော့ Blogger ကိုနှိပ်လိုက်ပါတယ်..
4. ဒီစာမျက်နှာမှာတော့ Create Module ဆိုပြီးခေါင်းစဉ်နဲ့ဖြစ်ပါတယ်.. ဒါကတော့ ဖြည့်တတ်မှာပါ.. Name မှာ ကိုယ်ပေးချင်တဲ့ နာမည်၊ Group Name မှာ. အုပ်စုအလိုက်ခွဲထားတဲ့နာမည် (ဥပမာ- နည်းပညာ၊ သတင်း စသည်ဖြင့် )၊ Menu Order ကိုတော့ ဒီအတိုင်းပဲထားလိုက်၊ အောက်နားမှာ ကိုယ်ထည့်ချင်တဲ့ Blog/Website ရဲ့ လိပ်စာကို http:// ပါအောင်ထည့်ပေးရပါတယ်.. ဥပမာ = http://www.maungpauk.org, http://komaungpauk.blogspot.com စသည်ဖြင့်ပေါ့..
ပြီးရင်တော့ Save ကိုနှိပ်လိုက်ပါ..

5. ခု ရောက်လာတဲ့စာမျက်နှာမှာတော့ Update ပဲနှိပ်ပေးလိုက်ပါ..
6. ခုရောက်လာတဲ့စာမျက်နှာမှာတော့ ခုနက ယူခဲ့တဲ့ RSS ကိုမြင်ရမှာဖြစ်ပါတယ်.. ထပ်ထည့်ချင်ရင် Add New Feed ကိုနှိပ်ပြီးထပ်ထည့်နိုင်ပါတယ်.. တကယ်လို့ ကိုယ်က RSS မယူတတ်ဘူးဆိုရင် ညာဘက်အပေါ်နားလေးက Back to Module ကိုနှိပ်ပြီး အဆင့်(၃)ကနေ စလုပ်သလို လုပ်ရမှာဖြစ်ပါတယ်..
7. လုပ်ပြီးသွားရင်တော့ အပေါ်ညာဘက်တန်းက Build ကိုနှိပ်လိုက်ပြီး Submit to Build ကိုနှိပ်လိုက်ပါ.. ခဏနေရင် ကိုယ့်အီးမေးထဲကို apk လေး ရောက်လာမှာဖြစ်ပါတယ်... ဒါဆိုရင် အဆင်ပြေလောက်ပါပြီနှော်...



အဆင်ပြေပါစေ..

မောင်ပေါက်< Knowledge Note >

ကျွန်တော့်အတွက်သီးသန့် Apk ကို အောက်မှာ ဒေါင်းပြီးကြည့်ပါအုံး.. နမူနာပေါ့



ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... ဘလော့ခရီးသည်
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

Tuesday, 19 May 2015

မိမိတို့နှစ်သက်သော ဘလော့ဆိုဒ်များအား Android ဖုန်းများတွင် Online/Off line ကြည့်နိုင်ရန် APK လုပ်ယူနည်း

 မင်္ဂလာပါနော်... အခု တင်မည့်နည်းလမ်းလေးကတော့  ဘလော့ကာ များစွာကို  ဘလော့ပေါင်းများစွာကို
မိမိတို့ ဖုန်းကနေ   online/ off line  ကနေအဆင်ပြေစွာ ဖတ်ရှုနိုင်ဖို့   apk  လုပ်နည်းလေးကို မျှဝေမှာ ဖြစ်ပါတယ်.... နည်းလမ်းလေးကတော့ တော်တော်များများ  သိနေကြပြီးဖြစ်ခြင်ဖြစ်နေမှာပါ
ဒါပေမယ့်  မသိသေးသော မိတ်ဆွေများအတွက်  ရည်ရွယ်ပြီးးး  ပြန်လည်မျှဝေခြင်းဖြစ်ပါတယ်....
ကဲစကြမယ်နော်  အဆင့်လေးတွေအလိုက် ပုံလေးတွေနဲ့ သေသေခြာခြာ ရှင်းပြပါ့မယ်.....
 ပထမဆုံး   မိမိတို့ လုပ်လိုသော ဆိုဒ်ကို ဖွင့်လိုက်ပါ..... ဥပမာ ကျနော် ဆိုဒ်တစ်ခုနဲ့ နမူနာထား ပြသွားပါ့မယ်....နော်
 http://www.herostown.blogspot.com  ကိုဖွင့်လိုက်ပါပြီ.....

ခုလိုလေးပေါ်လာပြီဆိုတာနဲ့ အပေါ်တူးဘားက  မိမိတို့ ဘလော့လိပ်စာရှေ့က logo  လေိးကုကလစ်ပါ..
ကလစ်လို့ ကျလာတဲ့ ဘောက်လေးရဲ့   More Information  ဆိုတာကိုကလစ်လိုက်ပါ။


 သည်လိုလေးကျလာမယ်.... အဲခါမှာ  အပေါ်က  Feed ဆိုတာကိုကလစ်ပါ... အဲခါမှာဘဲ.. Atom နဲ့ RSS
လင့်တျွေကလာမှာဖြစ်ပါတယ်... လင့်တခုကို စေခြာ မှတ်သားပြီး  ကော်ပီယူသိမ်းထားပေးလိုက်ပါ...
ကော်ပီယူရတာ ခက်ခဲပါက  လင့်နောက်မှာ မောက်ထောက် စခရစ်ပေါ်လာမယ် ကလစ်ပေးလိုက်ပါ
စာမျက်နှာသစ်နဲ့ကျလာတာနဲ့  အပေါ်တူးဘားက လင့်ကို ကော်ပီယူ အတူတူပါဘဲဗျာ.......
ကဲ...လုပ်ဆောင်ချက်  စတော့မယ်..နော်

                                 သည် မှာ    ကလစ်ပြီး သွားလိုက်ပါနော်...

အမှတ်စဉ်  (၁)  ။             ။  အောက်ကပုံအတိုင်း   sing up  လုပ်ပေးလိုက်ပါ....


အမှတ်စဉ်  (၂)    ။      ။  ကတော့ အောက်ကအတိုင်းလိုအပ်သလိုဖြည့်စွပ်ပြီး  sing up လုပ်ရမှာနော်


အမှတ်စဉ်  (၃)  ။           ။ အနေနဲ့ကတော့ AppYetV2  ဆိုတာကိုကလစ်လိုက်ပါ။အဲမှာ လိုအပ်တဲ့
                                  အမည်တွေ....ဖြည့်ပေးရပါမယ်.... သည်မှာ  RSS/Atom/Feed(s)  ဆိုတဲ့နေရာမှာပါ    စောစောကအပေါ်ဆုံးက ကော်ပီယူ သိမ်းထားတဲ့ လင့်ကို  ထည့်ပေးရမှာဖြစ်ပါတယ်။


အမှတ်စဉ်  (၄)  ။           ။  အနေနဲ့ကတော့...အပေါ်က  General  ဆိုတာကနေ သွားးမှာပါ....
                                      အပေးဆုံးးက  မိမိဘလော့ဆိုဒ်အမည် ကြိုက်တာရေးပါ  ဥပမာ။   ။ ဘလော့ခရီးသည်......လယ်တီမြေသား   ပေါ့နော်...အဲအောက်နားမှာ တော့  Change  Icon  ဆိုတာကိုတွေ့မှာပါ  စိတ်ကြိုက်  အိုင်ကွန်လေးဖန်တီးပြီး  ထည့်နိုင်ပါတယ်... အိုင်ကွန်ကိုတော့ ဆိုဒ်နဲ့ ကိုက်ညီအောင်  သေးသေးဘဲ လုပ်ရမှာပါ....




အမှတ်စဉ်  (၅)   ။                     ။  သည်အဆင့်မှာတော့...အပေါ်က Tabs ဆိုတာကိုကလစ်ထားပါ...
                                               သတိပြုရမှာက Web ရှေ့မှာ အမှန်ခြစ်ပေးဖို့ပါ... အောက်မှာတော့
                                               မိမိဆိုဒ်လိပ်စာထည့်ရမယ်...... ပြီးတာနဲ့ save change ပေါ့...။




အမှတ်စဉ်  (၆)  ။                ။  ကတော့...အပေါ်ဘားးက   Setting  ကိုကလစ်ပါ...အောက်မှာ....
                                         မေးအကောင့်.....ဆိုဒ်လိပ်စာ...ပြီးတော့  save  change  ပေါ့...။


အမှတ်စဉ်  (၇)    ။                 ။  ကတော့နောက်ဆုံးးအဆင့်ပေါ့... အပေါ်ဘားက  Build ကိုကလစ်ပါ။
                                            အဲမှာတော့   save change  ကလစ်လိုက် ပြီးပါပြီ.....နော်...


 ကဲ..မိမိတို့  လုပ်ထားတဲ့   app..apk  လေးကို မိမိတို့ မေးထဲမှာ သွားးဒေါင်းရမှာ ဖြစ်ပါတယ်....နော်
မိမိတို့  အပေါ်ကလုပ်ထားတဲ့အီးမေိးကု ၀င်လိုက်ပါ.....


အပေါ်ကပုံလို မေးးထဲမှာ AppYet(2)  ကနေ စာတစ်ဆောင်ရောက်နေတာ တွေ့ရမယ်... ဖွင့်လိုက်ပါ...အဲမှာ ဘဲ ဆော့ဝဲလ်  ရှိနေပါပြီ... ဒေါင်းးယူယုံပါဘဲနော်...

ကဲ ရပါပြီဗျာ   ဒေါင်းလော့  ဖိုင်လေး နှစ်ခုတွေ့ရမယ်... အဲတာက  မူရင်း သူ့ဆိုဒ်က အိုင်ကွန်လေးနဲ့  တစ်ခု  မိတ်ဆွေ တို့ စိတ်ကြိုက် အပေါ်မှာ  အမှတ်စဉ်  (၄)  ကလုပ်ယူထည့်ခဲ့တဲ့ အိုင်ကွန်လေးနဲ့  တခုပါ
ကြိုက်သလို  ဒေါင်းယူလိုက်ပါတော့နော်...... သင့်အတွက်   သင့်ဖုန်းးမှာ  သင်ကြိုက်နှစ်သက်သော  ဘလော့များကို  ယခုလို  ဖန်တီး ပြီး ထည့်ထားနိုင်ပါတယ်... ဘလော့ကာတွေအတွက်လည်းး အရမ်းးအသုံးဝင်ပါတယ်...... ကျနော်တို့ဘလော့ကာတွေ လုပ်ထားရင် ကျန်တဲ့  လေ့လာသေူတွ ဒေါင်းယူလိုက်ယုံပေါ့နော်.... အားလုံးအဆင်ပြေကြပါစေ....

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... 
ဘလော့ခရီးသည်