Monday, 25 May 2015

How to Backup/restore Blogger template

backup blog



သည်တခါ တင်ပြမဲ့အကြောင်းရာလေးကတော့ မိမိတို့ဘလော့ကို backup လုပ်သိမ်းဆည်းတာနဲ့ အသစ်တစ်ခုကို ထည့်သွင်းတဲ့နည်းပညာလေးဖြစ်ပါတယ်. တက်ပလက်ချိန်းသလိုပါဘဲ....နည်းပညာက အတူတူပါဘဲ...

Backup Blogger Blog template

အောက်ကအဆင့်အတိုင်းလိုက်ကြည့်ပါ
  • ဦးစွာပထမအနေနဲ့ Sign In your blogger account လုပ်ပါ
  • Go to Design->Edit HTML
  • သည်ဟာလေးကို "Download Full Template" ကလစ်လိုက်တာနဲ့ မိမိတို့ လက်ရှိ Template ကိုသိမ်းပြီးဖြစ်နေပါမယ်... xml ဖိုင်လေးရပါမယ်...
အောက်မှာ ပုံလေးကြည့်ပါ။

Upload/Restore Blogger Template

မိမိတို့ သိမ်းဆည်းထားတဲ့ xml ဖိုင်လေးကို ပြန်ထည့်နည်းပါ.။
  • ဘလော့ကာရဲ့ Design->Edit HTML ကိုသွားလိုက်ပါ။
  • သည်ဟာလေးကိုတွေ့ပါ့မယ်.. "Download Full template" သူ့အောက်က Browser နဲ့ Upload ဆိုတာရှိမယ်.. Browser ကိုကလစ်တာနဲ့ ကွန်ပျူတာဖိုင်ကျမယ်..
  • သိမ်းထားတဲ့ xml ကိုယူပါ။
  • Upload  လိုက်ပါနော်....။ ဒါဆို သင့်ရဲ့ template ပြန်လည် အစားသွင်းပြီးပါပြီ... အသစ်ချိန်းပါကလဲ  ၄င်းအသစ်ရဲ့ xml ဖိုင်လေးကို ထည့်ပေးရုံပါဘဲ...
  • ပြီးရင် save လို့ရပါပြီ...
  • အဆင်ပြေပါစေ....။.......။

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

Thursday, 21 May 2015

Blogs တခုအတွက် အရေးကြီးဆုံး Importblog-Exportblog ပြုလုပ်နည်း

သည်တစ်ခါတော့ မိတ်ဆွေအပေါင်းတို့ အတွက် ဘလော့တစ်ခုမှ အမှန်တစ်ကယ်လိုအပ်တဲ့နည်းပညာလေးတစ်ခုဆိုရပါတယ်.. သူ့ရဲ့အသုံးဝင်ပုံလေးကို သိထားသင့်ပါတယ်... ကျနော် ပုံလေးတွေနဲ့အတူ သေခြာရှင်းပြပေးသွားပါ့မယ်...
အဆင့် ( ၁ )   အေနနဲ့.. ဘေလာ့ကာဝငိလိုက်ပါ...

အဆင့်  ( ၂ )  အနေနဲ့ အပေါ်ပုံအတိုင်း Setting ကလစ်တာနဲ့ သည်လိုလေးတွေ့မယ်...


အပေါ်ပုံရဲ့ စာမျက်နှာမှာ  0ther ဆိုတာကိုကလစ်ပေးလိုက်ပါ..ပြီးတာနဲ့ ပုံထဲ့အတိုင်း Import Blog--Export Blog--Deleted Blog  ဆိုပြီးးတော့  တွေ့ရမှာ ဖြစ်ပါတယ်...
အဲအချက်သုံးချက်ဟာ  ဘလော့တစ်ခုအတွက် အရမ်းးအရေးကြီးးတဲ့ အစိတ်အပိုင်းတွေပါ။

အဆင့်  ( ၃ )  ကတော့..သူတို့ ရဲ့အသုံးဝင်ပုံလေးတွေကိုပါ ရှင်းပြမယ်နော်..


Exportblog ဆိုတဲ့အပိုင်းကို စပြောပါ့မယ်.. သူကတော့   မိမိတို့ဘလော့ကို အနည်းဆုံး တစ်လ တစ်ကြိမ် လုပ်ပေးသင့်တဲ့ နည်းလမ်းလေးတစ်ခုဖြစ်ပါတယ်.. ဘာကြောင့်လဲဆိုတော့ ဘလော့ဆိုတာ တခါတခါ ပျက်တတ်တယ်... နောက်ဆုံးး အဟက်ခံရတာမျိုးလဲ ကြုံရတတ်ပါတယ်.. အဲရန်တွေကနေ ကာကွယ်ဖို့ အတွက် အရေးပါတဲ့ အစိတ်ပိုင်းလေးပါဘဲ...
ဒါကြောင့် သည်  Exportblog ဆိုတာကို ကလစ်ပြီး Download Blog လုပ်ထားးတာနဲ့ မိမိတို့ဘလော့ရဲ့ ပို့စ်တွေကအစ  အားလုံးကို ဒေါင်းထားလိုက်တာပါဘဲ... ရလာတဲ့  xml ဖိုင်လေးကို သိမ်းဆည်းထားသင့်တာပေါ့...ဒါဆို ဟက်ခံရရင်တောင် မူရင်းဘလော့အတိုင်း လုံးဝ ပုံစံတူဘေလာ့တစ်ခု အမြန် လုပ်နိုင်ပါတယ်...

Importblog  ဆိုတာကတော့  မိမိတို့ ဘေလာ့တစ်ခု ပျက်သွားပြီဆိုပါတော့  သူ့ကို အပေါ်က ဒေါင်းယူထားတဲ့  xml  ဖိုင်လေးထည့်သွင်းပြီး  အသစ်ပြန်လည် တည်ဆောက်တဲ့ နေရာမှာ အသုံးပြုပါတယ်...  ပြောရရင်   Exportblog  နဲ့  Importblog  
ဆိုတာအမွှာ ညီကိုတွေလို အရေးပါလှပါတယ်...  
ဘလော့ထည့်မည်ဆိုပါက.. Importblog မှာ Bower ဆိုတာကိုကလစ်ပါ ပြီးတာနဲ့  မိမိတို့ဒေါင်းယူထားတဲ့  xml  ဖိုင်လေးကို ထည့်ပေးလိုက်ပါ..အောက်မှာ  ပြထားတဲ့ စာသားအတိုင်း မေးတာ ဖြေပေးလိုက်ပါ.. ကဲဒါဆို သင်ပျက်စီးသွားတဲ့  (သို့)  အဟက်ခံ ရတဲ့ ဘလော့လေး  မူရင်းလိုဘဲ အခြေမပျက် ပြန်ရပါပြီနော်..
ဒါဆို ဘယ်လောက် အရေးပါတယ်ဆိုတာ သိကြမှာပါ.....



<<<တာဝန်မလေးပါကတချက်လောက်ကလစ်ပေးခဲ့စေလို>>>

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

Tuesday, 19 May 2015

Template ဒေါင်းယူပြီး xml ဖိုင်ရယူနည်း

 မင်္ဂလာပါ ဘလော့ခရီးသည်ကိုလာရောက်အားပေးကြသော မိတ်ဆွေအပေါင်းတို့ ဗျားး
ခုတင်မှာလေးကတော့ C-Box ကတောင်းဆိုမှုလေးဖြစ်သလို ဘလော့သမားတွေအတွက် မသိမဖြစ်
သိထားရမည့် အကြောင်းရာလေးဆိုလည်း မမှားပါဘူးး  ဘလော့တွေမှာ မိမိတို့ စိတ်ကြိုက်
template တွေ ဒီဇိုင်းလှလှလေးတွေ နဲ့ပြုပြင်ဖန်တီးဖို့ဆိုတာ သည်နည်းလမ်းလေးကို သိကိုထားမှ
ဖြစ်မှာမို့ပါ...ဒါကြောင့် တောင်းဆိုမှု အရရော..သိသင့်တယ်ထင်တာမို့ စေတနာနဲ့ရော သည်နည်းလေးကို  ထရေးဖြစ်တာပါ.... Template တွေကို ဒေါင်းယူပြီး မိမိဘလော့ထဲမှာ စိတ်တိုင်း
ကျ သွင်းယူတဲ့ နည်းလမ်းလေးဘဲ ဖြစ်ပါတယ်.... အသေးစိတ် ပုံလေးတွေနဲ့ တစ်ကွ ဒေါင်းယူနည်း
ဒေါင်းထားသော တက်ပလက်ဖိုင်ကနေ xml ဖိုင်လေးယူနည်း ရှင်းပြထားပါတယ်... ဒေါင်းယုံနဲ့ မရပါ
xml ဖိုင်လေးကိုသာ မိမိတို့ ဘလော့ထဲကို Upload ထည့်မှသာလျှင် လိုခြင်သော တက်ပလက် ဒီဇိုင်းတွေကို ရရှိမြှ ဖြစ်ပါကြောင်းးးးးးးးးးးးးးးးးး ကဲစမယ်  လေကရှည်နေပြီ...ေိေိ....
 တောင်းဆိုသူမိတ်ဆွေပါ......
 လင်္ကာ: တက်ပလက် အသစ်တွေကို ဒေါင်းယူနည်းနဲ့ xml ယူနည်းလေးရေးပေးပါလားဗျာ။


ပထမဆုံးအနေနဲ့  တက်ပလက် ဒေါင်းလို့ ရတဲ့ ဆိုဒ်လိပ်စာလေးပေးပါ့မယ်.....

               + တက်ပလက်များကို     သည်မှာ     ရှာဖွေဒေါင်းယူပါ  ။

               + နောက်ထပ်လိုအပ်က     သည်မှာ    ဆက်လက်ရှာဖွေနိုင်ပါတယ်  ။
နောက်ထပ်  လိုအပ်သေးပါက.... တက်ပလက်ဆိုဒ်ပေါင်းများစွာရှိပါတယ်...
         http://www.dailybloggertemplates.com/
         http://www.deluxetemplates.net/page/2
         http://www.dhetemplate.com/
         httphtetnaykha.blogspot.com
         http://www.soratemplates.com/
 သည်ဆိုဒ်တွေဆိုရင်ဘဲ  လုံလောက်ပါပြီနော်  အများကြီးးးးကိုရနိုင်လို့ပါ....
ကဲ တက်ပလက်တစ်ခုကို ဒေါင်းရင်းနဲ့  ဥပမာ ပြုတင်ပြလိုက်ပါ့မယ်...

   အဆင့်   (၁)  အနေနဲ့.......တက်ပလက်ဆိုဒ်ထဲဝင်လိုက်ပါပြီ


မိမိတို့ စိတ်ကြိုက် စာမျက်နှာအလိုက် ရွေးချယ်နိုင်ပါတယ်... ရွေးချယ်စရာတွေအများကြီးးပါနော်
စာတွေ ကြည့်ပြီး လိုအပ်သလို ရွေးနိုင်ပါတယ်... တက်ပလက်တိုင်းမှာ နာမည်လေးတွေရှိပါတယ်...
သေခြာ ကြည့်လိုက အမည်ကိုကလစ်နိုင်ပါတယ်... ပုံကြီးမူရင်းကို မြင်လိုက Demo ဆိုတာကို ကလစ်ကြည့်လိုက်ပါ....ဒေါင်းလိုက Download ပေါ့...ခုတော့တစ်ခု ရွေးလိုက်ပြီပေါ့..အောက်မှာ

  အဆင့်   (၂)  အနေနဲ့ ဆက်ကြည့်လိုက်ပါ...........


မိမိရွေးထားသော တက်ပလက်လေးပေါ့... Preview ကိုကလစ်ပါက ဆိုဒ်ကြီးမြင်ရမယ်...
ကဲ  Download ကြစို့ ကြာနေမယ်..နော်..ဒေါင်းလိုက်ပါပြီဗျာ.. ခဏလေးဘဲ စောင့်ပါ....စက္ကန့်ပိုင်းမျှသာ ကြာမှာပါ....

   အဆင့်  (၃)   အနေနဲ့ ဒေါင်းထားတဲ့ ဟာလေးပြီးသွားတဲ့အခါမှာပေါ့..


Open floder  ကိုကလစ်ဖွင့်လိုက်ပါ... မဟုတ်လည်း မိမိစက်ထဲ ဒေါင်းလော့ဝင်တဲ့ ဖိုင်ထဲသွားလိုက်ပေါ့.....သည်လိုလေးတွေ့မယ်...အောက်မှာ....

  အဆင့်  (၄)   ကတော့ ဒေါင်းထားတဲ့ တက်ပလက် ဖွင့်လိုက်ပါ.....


တွေ့ပြီနော်  ကျွန်တော် ဥပမာပြထားတဲ့ တက်ပလက်လေးက အမည်က music plus ဆိုတဲ့ဟာပါ။
အဲတာလေး မိမိတို့ ထဲတွေ့တာနဲ့  ညာကလစ်ပေးပါ  Extract to musicplus/ ဆိုတာလေးကို ကလစ်ပေးလိုက်ပါ...( မှတ်ချက် ။   ။ musicplus နေရာမှာ မိမိတို့ဒေါင်းသော template အမည်ပါ)
ကလစ်ပြီးတာနဲ့  Floder အ၀ါလေးကျလာမှာဖြစ်ပါတယ်.....အောက်မှာကြည့်ပါ

Music Plus ဆိုတဲ့အမည်နဲ့ Floder အ၀ါလေးပါ...အဲတာလေးကို ဖွင့်လိုက်ပါ... တစ်ခါဖွင့်ယုံနဲ့ xml ဖိုင်လေး မတွေ့သေးပါက တွေ့သည့်တိုင် ဖိုင်လေးတွေကို ဆက်ဖွင့်ပေးလိုက်ပါ...တွေ့ပြီဆိုတာနဲ့..

  အဆင့်  (၅)   xml ဖိုင်လေးကို တွေ့ပြီဆိုတာနဲ့.....အောက်မှာ...xml ဖိုင်


ကဲဂျာ....ရပါပြီ  xml ဆိုတဲ့ ဖိုင်လေး...သူဘဲ အဓိကကျတာလေ...သူကဘဲ မိမိတို့ဘလော့ကို
ပြောင်းလဲစေနိုင်တာပါဗျာ...ဒါလေးရဖို့အရေးးးးးးးဟူးးးးးးးးးးးးးးးမောလိုက်ထာ..ေိေိ
အဲတာလေးတော့ သေသေခြာခြာ မီးလုံသေတ္တာလေးနဲ့ သိမ်းကျနော်....ဟိဟိ
Template ချိန်းနည်းကိုတော့            သည်နေရာမှာ    ဆက်လက်လေ့လာလိုက်ပါနော်....။


<<<တာဝန်မလေးပါကတချက်လောက်ကလစ်ပေးခဲ့စေလို>>>

ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါကြောင်း ပြောကြားပါရစေ..ဘလော့ခရီးသည်မှ နည်းပညာများအား မည်သူမဆို လွတ်လပ်စွာ ကူးယူသုံးစွဲနိုင်ပါတယ်.. ကျွန်တော် ပိုင်ဆိုင်သောနေရာလေးများအား ဆက်လက် လည်ပါတ်လိုပါက ***************************************
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

How To Do Your Blog Import-Export-Delete



မင်္ဂလာပါ ကျွန်တော် သည်နေ့ အားလုံးနဲ့ မိတ်ဆက်ပေးခြင်တဲ့ နည်းပညာလေးကတော့ ဘလော့ကာပိုင်း ဆိုင်ရာ နည်းပညာရပ်တွေထဲက  BLOGGER များအတွက် အလွန်ကို အရေးပါစေတဲ့ နည်းပညာလေးတစ်ရပ်ဘဲ ဖြစ်ပါတယ်..။ သည်နည်းလမ်းလေးကို ကျွန်တော့်ရဲ့ ၀က်ဆိုဒ်မှာလည်း တင်ပေးဖူးပြီးသားဖြစ်ပါတယ်.. ခုတော့ နည်းပညာဆောင်းပါးတစ်ပုဒ်အနေနဲ့ ကျွန်တော် ပြန်လည် ရေးသား တင်ပြလိုပါတယ်.. တကယ်တမ်းလည်း  ဘလော့ကာတွေအတွက် မရှိမဖြစ် သိထားသင့်တဲ့ နည်းလမ်းလေးဆို မမှားပါဘူး... ဘလော့တခု ၀က်ဆိုဒ်တခု လုံးရဲ့ အသက်သွေးကြောလို့တောင် ပြောလို့ရပါတယ်.... ဘာလည်းဆိုတော့ ကျွန်တော်တို့  ဘလော့တွေ မှာ
ဘလော့တခုလုံး ( ပို့စ်များအပါအ၀င်  )  ကိုဒေါင်းယူနည်း-ပြန်သွင်းနည်း  ဆိုတဲ့ ဘလော့တခုရဲ့ အရေးပါဆုံး ကဏ္ဍလေးဘဲဖြစ်ပါတယ်... ဘာကြောင့် အရေးပါရသလဲဆိုတော့ ကျွန်တော်တို့ ဘလော့ကာ တော်တော် များများ တွေ့ဖူးကြမယ်လို့ထင်ပါတယ်... မိမိတို့ ဘလော့တွေမှာ Spam မိတာဘဲ ဖြစ်ဖြစ် တခြား အကြောင်းကြောင့် ဖြစ်ဖြစ်.... Hacker တွေကြောင့် ဖြစ်ဖြစ်.... ဘလော့တခု ဆုံးရှုံး ကြရတာကိုပေါ့... အဲလိုခါမှာ ခဲလေသမျှ သဲရေကြ ဖြစ်ကြရပါတယ်.. ကျွန်တော်တို့ ကာလရှည်ကြာ ကြိုးစားထားသမျှ တွေ   ကုန်ဆုံးကြရတော့ အရမ်းကို ထိခိုင်စေပါတယ်...
ဒါကြောင့် ခုကျွန်တော် ရေးသားတဲ့ နည်းလမ်းလေးကတော့ မိမိတို့ ဘလော့ မည်သည့်အကြောင်းကြောင်းကြောင့် ဖြစ်စေ ဆုံးရှုံးခဲ့ပါက ချက်ချင်း ဆိုသလို မူလအဆိုင် ဟန်မပျက် ပြန်လည်  တည်ဆောက်နိုင် တဲ့နည်းလမ်းလေးဖြစ်ပါတယ်... ကဲ အောက်မှာ သေခြာ ရှင်းပြထားပါတယ်နော်...

နည်းလမ်းကတော့  How To Do Your Blog Import-Export-Delete  ဆိုပြီးပေးထားပါတယ်....
 မိမိတို့ ဘလော့မှာ တင်ထားသမျှ POST တွေအားလုံးကို ဘယ်လို ဒေါင်းယူမယ် ဘယ်လိုပြန်သွင်းမယ် နောက် မလိုအပ်တဲ့ခါ ဘလော့ကို အပြီးပိုင် ဖျက်မယ်  ဆိုတဲ့ နည်းလမ်း ၃ သွယ်ကို
ကျွန်တော် အသေးစိတ် ရေးသားဖေါ်ပြသွားမှာပါ....ဆက်လက် လေ့လာလိုက်ကြရအောင်ဗျာ....

    မိမိဘလော့မှာ  Export လုပ်ယူနည်း    

ပထမဆုံးအနေနဲ့  မိမိတို့ရဲ့ blogger မှာ အကောင့်ဝင်လိုက်ပါနော်.. ၀င်ပြီးတာနဲ့... ဘလော့ကာ Setting ကိုသွားလိုက်ပါ..အောက်က ပုံတိုင်းတွေ့မြင်ရပါမယ်...


အိုကေ ရောက်တာနဲ့  Setting ထဲက အော်ကဆုံးမှာ ရှိနေတဲ့  0ther  ဆိုတာကိုကလစ်ပေးလိုက်ပါ။


အပေါ်ဆုံး မှာတွေ့မြင်ရမှာဖြစ်ပါတယ် Export  Blog ဆိုတာလေးကို ကလစ်လိုက်ပါ ဒါဆို ဒေါင်းဖို့ ဘောက်လေး ကျလာမှာဖြစ်ပါတယ်

ပုံမှာ ပြထားသလို Download Blog ဆိုတာကလစ်ပြီး ဒေါင်းထားလိုက်ပါ.. မိမိ ဘလော့ရဲ့ ပို့စ်များခြင်း နည်းခြင်းအပေါ်မူတည်ပြီး  စောင့်ရမှာဖြစ်ပါတယ်.. များရင် အချိန်ကြာပါမယ်..ဒေါင်းထားလိုက်ပါ။
ပြီးတာနဲ့  ဒေါင်းထားတဲ့ Folder လေးထဲ ၀င်ကြည့်လိုက်ပါ   မိမိတို့ဘလော့ရဲ့ ဘလော့တခုလုံးရဲ့ xml  ဖိုင်လေးကို အောက်ကတိုင်းတွေ့မြင်ကြရမှာဖြစ်ပါတယ်...
ဒါဆို အဲ  xml  ဖိုင်လေးကို သေခြာ မှတ်ထားလိုက်ပါနော်... ဒါက ဘလော့တခုလုံးရဲ့ အသက်သွေးကြောလေးပါ... သူရှိနေသမျှ  ဘယ်ချိန် မိမိဘလော့ ပျက်ပါစေ  ပါသွားပါစေ ချက်ချင်းဆိုသလို ပြန်လည် အသက်သွင်းနိုင်မှာဖြစ်ပါတယ်...။ ဆက်လက်ပြီး အဲဖိုင်လေးကို ဘလော့ အသစ်တခုမှာ ထည့်သွင်းနည်း ရှင်းပြပါမယ်....

     မိမိဘလော့မှာ  Import Blog လုပ်နည်း    

ဒါကတော့ မိမိတို့ အပေါ်က ဘလော့တခုလုံးကို ဒေါင်းယူ သိမ်းဆည်းထားခဲ့တဲ့... ဖိုင်လေးကို ဘလော့ အသစ်တခုခု မှာ မူရင်းဘလော့မှာရိခဲ့တဲ့ တိုင်းပြန်လည် မူမပျက် ထည့်သွင်းနည်းဘဲ ဖြစ်ပါတယ်...
ပထမဆုံး မိမိတို့ ထည့်လိုတဲ့ဘလော့ရဲ့  Setting >> Other  ဆိုတဲ့နေရာကိုသွားလိုက်ပါ... အပေါ်က နည်းတိုင်းပါဘဲ... ရောက်တာနဲ့ အောက်ကပုံတိုင်းကြည့်လိုက်ပါ

ပုံမှာတွေ့ရတဲ့တိုင်း Impotr  Blog  ဆိုတာလေးကို ကလစ်လိုက်ပါ ဒါဆို ဘောက်လေးတခုတက်လာမှာဖြစ်ပါတယ် အဲဘောက်လေး မှာဘဲ ထည့်သွင်းခြင်း လုပ်ကြရမှာပါ
အိုကေ ဘော်ကလေးတက်လာတာနဲ့ အပေါ်က Browse  ဆိုတာလေးကို ကလစ်လိုက်ပါ ဒါဆို ဇယားတခုထွက်လာမယ်  အဲသည်နေရာမှာ စောစောက မိမိတို့ ဒေါင်းယူသိမ်းဆည်းခဲ့တဲ့  xml ဖိုင်လေး ရှိတဲကေ နရာကို အရောက်သွားလိုက်ပါ  ရောက်တာနဲ့ အဲ ဖိုင်လေးကို  Double  ကလစ်လိုက်ပါ

သည်မှာ ကျွန်တော်တို့ သူက စာလိမ် လိုမျိုး စာလုံးတွေ ပေးထားပါမယ်  (သို့) နံပါတ် တွေဖြစ်ကောင်းဖြစ်ပါမယ်  အဲတာကို သူပေးထားသည့်အတိုင်း ပြန်လည် ရေးချပေးရမှာ ဖြစ်ပါတယ်
ပြီးတာနဲ့  အောက်က Import Blog  ဆိုတာကလစ်ပြီး  စောင့်ဆိုင်းနေယုံပါဘဲ..... သည်နေရာမှာ
သတိပြု ဖို့ တချက် ပြောလိုက်ခြင်ပါတယ်.. မကြာခဏ  ကြည့်ပေးပါ ဘာကြောင့်လည်းဆိုတော့ စာလိမ် စာလုံးလေးတွေကို တခါတလေမှာ မပြီးဆုံးမှီ  ပြောင်းပြောင်း ပေးတတ်ပါသေးတယ.် သူပြောင်းလိုက်တာနဲ့ သူပေးထားသလို ပြန်ရေး ပြီး ပြန်လ်ုပပေးရမှာဖြစ်ပါတယ်... ဒါကလည်း ကျွန်တော်တို့ ဒေါင်းထားတဲ့ ဘလော့ရဲ့  MB...GB..အပေါ်မှာ မူတည်ပါတယ်.. ပို့စ်တွေ အရမ်းများတဲ့ ဆိုးဒ်တခုကို ဒေါင်းထားပြီး ပြန်သွင်းတာဆို အချိန် တော်တော် ကြာကြာ စောင့်ဆိုင်းပေးရမှာ ဖြစ်ပါတယ် အဲလို ကြာတာနဲ့အမျှ  စာလိမ်လေးတွေ ပြောင်းပေးတတ်ပါတယ် အသစ် အသစ်လေးတွေ ထပ် ကျကျလာတတ်လို့ပါ... နားလည်မယ်ထင်ပါတယ်နော်  ပြီးတာနဲ့ မိမိတို့ ရဲ့ ဘလော့ကာ တခုလုံးအတွက်
အစားသွင်းခြင်းကိစ္စ အောင်မြင်ပါပြီ.... နောက်ထပ် ဘလော့ကို အပြီး ဖျက်နည်းလေးပါ...

    မိမိဘလော့ကို အပြီးဖျက်ပြစ်နည်း    

ကဲ ဒါကတော့ မလိုအပ်ဘဲ ဖွင့်ထားတဲ့ ဘလော့တခုကို ဖျက်ပြစ်တဲ့နည်းလေးပါ... နည်းလမ်းတွေကတော့
သွားပုံလာပုံခြင်းက တနေရာတည်းမှာပါ.. ခုရေးသားတဲ့ နည်းလမ်း ၃ သွယ် မှာ တနေရာတည်းကို ဦးတည် သွားရောက်ပြီး လုပ်ဆောင်ရတာတွေပါ....
Blogger Sing In >> Blogger  Setting >> Other  ဆိုတဲ့တိုင်း အပေါ်ကလိုဘဲ သွားလိုက်ပါ...

အပေါ်မှာေ တွ့ရတဲ့တိုင်း  Delete  Blog  ဆိုတာကိုကလစ်ပေးလိုက်ပါ ဘောက်လေးတခုကျလာမယ်

ကျလာတဲ့ ဘော်ကလေးထဲက Delete This Blog ဆိုတာကလစ်ပေးလိုက်တာနဲ့ မိမိတို့ မလိုအပ်တဲ့ ဘလော့လေးကို ဖျက်သိမ်းပေးလိုက်ပါတယ်... ကဲ ဒါဆို ဘလော့တစ်ခုအတွက် သိပ်ကို အရေးပါတဲ့ အခန်းကဏ္ဍ လေးတွေကို သိလောက်ပါပြီနော်... နောက်နောင်ကိုလည်း ဘလော့ကာဆိုင်ရာ နည်းပညာလေးတွေကို ဆက်လက် ရေးသားတင်ဆက်ပေးပါ့မယ်....အဆင်ပြေပါစေ..။