Tuesday, 2 June 2015

How To Invite Author & How To Accept ( Blogging )




မင်္ဂလာပါ  ...  ကျွန်တော်သည် တခါရေးခြင်တာလေးကတော့ အထူးသဖြင့်  Blogger ညီငယ် ညီမငယ်လေးများအတွက် ရည်ရွယ်လိုက်ပါတယ်... ဘလော့ကာ စတင်လုပ်ဆောင်နေသော သူများအတွက်ပါ  ဘာကြောင့်လည်းဆိုတော့ ဘလော့ကာကြီးများအနေနဲ့ သည်နည်းလမ်းလေးက သိရှိကြပြီး ဖြစ်သလို မဖြစ်မနေလည်း သိထားကြလို့ပါဘဲ... ဘလော့တစ်ခု တည်ဆောက်မယ်ဆိုကတည်း ကသည်နည်းလမ်းလေးကတော့ မဖြစ်မနေ သိသင့်တဲ့အပိုင်းလေးဆိုလည်း မမှားပါဘူး...။
နည်းလေးကတော့ မိမိတို့ ဘလော့မှာ မိမိသူငယ်ချင်းတွေကို ၀င်ရေးသားနိုင်ဖို့ Author  အဖြစ်ဖိတ်ခေါ်နည်း... လူသစ်များမှလည်း  မည်သို့ လက်ခံရရှိရမယ်ဆိုတဲ့ Accept ပြုလုပ်နည်းကို ဘဲ ရေးသားဖေါ်ပြထားပါတယ်... ကိုယ်က ဖိတ်သည်ဖြစ်စေ..သူများဖိတ်တာကိုလက်ခံသည်ဖြစ်စေ သည်နည်းလမ်းလေးကို သိထားမှသာလျှင်  အလွယ်တကူ ၀င်ရောက်ရေးသားနိုင်မှာ ဖြစ်ပါတယ်...
ဘလောတွေ့မှာ များသောအားဖြင့်တော့ အဖွဲ့စည်းလေးလိုက် ရေးသားမျှဝေကြတာဘဲ ဖြစ်ပါတယ်..
ဒါကြောင့် သည်နည်းလမ်းလေးသိထားခြင်းဖြင့် သူငယ်ချင်းတွေကို  ဖိတ်ခေါ်ကြမယ်...လက်ခံကြမယ် ဆိုတဲ့ အခြေခံနည်းလေး မို့..လေ့လာ ကြည့်ရအောင်ဗျာ... အသေးစိတ်ရှင်းပြထားပါတယ်...
ပထမဆုံး မိမိတို့ ဘလော့ကာ www.blogger.com ကိုအကောင့်ဝင်လိုက်ပါ...ကဲဖိတ်ကြမယ်

     Author   ဖိတ်ခေါ်နည်း      

မိမိတို့ ဘလော့ကာ ရောက်တာနဲ့  Blogger Setting ကိုဝင်လိုက်ပါ..နော် အောက်ကပုံလေးတိုင်းပါ


ပုံမှာတွေ့တဲ့အတိုင်း Setting  ထဲက Basic ဆိုတာမှာ တွေ့ရမှာဖြစ်ပါတယ်.. Permissions >> Blog Author ဆိုတာမှာ မိမိတို့ ဖိတ်ခြင်တဲ့ သူရဲ့ အီးမေးကို  Add Author  ဆိုတာကလစ်ပြီး အီးမေးထည့် အောက်က Invite ကိုကလစ် ဖိတ်လိုက်တာနဲ့.... မိမိတို့ ဘလော့မှာ   သူငယ်ချင်းတယောက်ကို  Author အဖြစ် ဖိတ်ခေါ်ခြင်း ပြီးဆုံးပါတယ်... တဖက်က လက်ခံလိုက်တာနဲ့ အဲလူဟာ မိမိ တို့ဘလော့မှာ  Author အဖြစ်နဲ့  post တွေကို တင်နိုင်မှာဖြစ်ပါတယ်...သည်နေရာမှာ တခါတည်း သိသင့်တာလေးတခုကို ပြောကြားလိုက်ပါမယ်... Author  အဖြစ်ရှိနေတဲ့ သူငယ်ချင်းတစ်ယောက်ကို   မိမိနဲ့တန်းတူ  ဘလော့ကို စိတ်ကြိုက် ပြုပြင်နိုင် ထိမ်းသိမ်းနိုင်တဲ့  Admin ဆိုတဲ့ ရာထူးကို ပေးလိုပါက   Author ဆိုတာလေးနားကိုကလစ်ပြီး  Admin ပြောင်းပေးလိုက်တာနဲ့  အဲလူက ကိုယ်နဲ့တန်းတူလုပ်ပိုင်ခွင့် ရမှာဖြစ်ပါတယ်... ( မှတ်ချက်  ။      ။  ယုံကြည်စိတ်ချရသူသာလျှင် ADMIN ခန့်အပ်ခြင်းကိုပြုသင့်ပါတယ်  )

    Author ဖိတ်ခေါ်ခြင်းအား လက်ခံနည်း   


ဒါကတော့ ဘလော့ပိုင်ရှင်မှာ မိမိအား ၀င်ရောက်ရေးသားနိုင်ဖို့  ဖိတ်ခေါ်ခြင်းကို လက်ခံရမဲ့နည်းလမ်းလေးဘဲ ဖြစ်ပါတယ်... ဘလော့ကာအကောင့်ရှိနေပြီးသူတွေအတွက် အခက်ခဲ မရှိပေမယ့်   အသစ်စတင်ရေးသားလိုသော သူများအတွက် လက်ခံခြင်းဟာ အဆင့်ဆင့် ကျော်ဖြတ်ရပါတယ်  ဒါကြောင့် အောက်မှာ သေခြာ ရှင်းပြထားပါတယ်...နော်....
ပထမဆုံး  သူများက ဖိတ်လိုက်ကတည်းက မိမိတို့ ပေးထားသော အီးမေး အကောင့်ကို မေးထဲဝင်လိုက်ပါ
မိမိတို့အား ဘလော့ပိုင်ရှင်မှ  ဖိတ်ခေါ်ထားတာကို Inbox မှာတွေ့မြင်ရပါမယ်  အဲမေးကို ဖွင့်လိုက်ပါ..


လက်ခံဖို့အတွက် Accept Invitation ဆိုတာကလ်စလိုကပါ နောက်... Sing in ဆိုတာတွေ့ပါက ကလစ်ပေးလိုက်ပါ... ဒါဆို မိမိတို့ လက်ခံနိုင်ဖို့ နောက်တဆင့် ရောက်မှာပါ
သည်အဆင့်မှာလည်း  Accept Invitation ဆိုတာဘဲ ကလစ်ပေးလိုက်ပါ...

မိမိ အကောင့်ဟာ ဘလော့ကာမှာ Author ဖြစ်ဖို့ ဆက်လက် ပြီး Continue to Blogger ဆိုတာကလစ်ပါ
ရောက်ပါပြီ   မိမိဟာ  ဖိတ်ကြားသော ဘလော့ကာရဲ့ ဆိုဒ်မှာ  Author အဖြစ်နဲ့  နည်းပညာ စာပေ စသည်တို့ကို မျှဝေ နိုင်ပါပြီ..... ဒါဆို အဆင်ပြေလောက်ပါပြီနော်.....
အားပေးမှုကို အထူးကျေးဇူးတင်လျှက်.. ဘလော့ကာဆိုင်ရာ နည်းပညာလေးများကို ဆက်လက် ရေးသားဖေါ်ပြပါမည်....
ဘလော့ခရီးသည်

ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

[IMG]
[IMG]

Related Posts:

  • ဘလော့မှာ Video တင်နည်း ( အသစ်များအတွက်) မင်္ဂလာပါဗျာ... သည်နေ့ရေးမဲ့နည်းပညာလေးကတော့ ဘောလ့ကာ အသစ်လေးတွေအတွက် လာရောက် တောင်းဆိုထားလို့   ဘလော့မှာ Video တွေတင်တဲ့နည်းလေးဖြစ်ပါတယ်... အရင်ကလည်းတင်ဖူးပါတယ် ဒါကတော့ video တင်နည်းဘဲ သီးသန့် တင်ပေးလိုက်ပါတယ်နော… Read More
  • ဘလော့မှာ Layout-Java Script မှာ ကုဒ်ထည့်နည်း (အသစ်များအတွက်သာလျှင်)  မင်္ဂလာပါခင်္ဗျားးးးးးးးးးးးးးး  သည်နေ့တော့ မမျှော်လင့်ထားတဲ့  မေးခွန်းတွေ မေးလာလို့ အံ့သြမိသလို... စာနာမိပါတယ်... ဘလော့ကို အသစ်လုပ်တဲ့ ညီလေးတစ်ယောက်ပါ သူဟာ ခုမှ လုပ်ပုံ ရ့ပါတယ်.. ဘာဆို ဘာမှ ကိုမသိသေးးတဲ့ ပု… Read More
  • ဘလော့စလုပ်သူများအတွက် post တင်နည်း( အသစ်များအတွက်) ကဲ  မိတ်ဆွေတို့ရေ... သည်ပို့စ်လေးအတွက်နဲ့ သိတတ်ထားသူတွေက  လုံးဝ စိတ်မရှုပ်စေခြင်ပါဘူးး ညီလေး တယောက်ကတောင်းဆိုထားလို့ တင်ပေးလိုက်ရခြင်းဖြစ်ပါတယ်... ဘလော့တွေ ရေးခြင်ပေမယ့် ဘယ်ကစလို့ ဘာလုပ်ရမှန်းမသိဖြစ်နေတဲ့ အ… Read More
  • မိမိပို့စ်မှာ ပုံလေးဖြင့် Download တင်နည်း ( cbox တောင်းဆိုခြင်း )  အားလုံးမင်္ဂလာပါနော်.... သည်တင်တဲ့နည်းလေးကတော့  ချက်ဘောက်မှာ  တယောက်လာမေးထားတဲ့အတွက်   ခုလို တင်ပေးလိုက်ပါတယ်..အရမ်းလွယ်သူတဲ့နည်းလေးဖြစ်တဲ့အတွက် တောင်းဆိုသူအတွက်  ရည်ရွယ်ပါတယ်. သိပြီးသော မ… Read More
  • ကုဒ်တွေကူးတာမပင်ပန်းရအောင် Select All လေးထည့်နည်း ကဲ..သည်တစ်ခါတော့..လာပြီပေါ့..ေိေိ.. ကျွန်တော့်ညီလေး တယောက်တောင်းဆိုထားတာပါ.... ဒါကတော့ ပို့စ်တင်တဲ့အခါမှာ ကုဒ်တွေဘဲ ဖြစ်ဖြစ် စာပေတွေဘဲ ဖြစ်ဖြစ် ကော်ပီယူတဲ့အခါ မပင်ပန်းစေဘဲ အလွယ်တကူ ရယူနိုင်တဲ့ နည်းလမ်းလေးတစ်ခုဆို မ… Read More

0 comments:

Post a Comment