Wednesday, 27 May 2015

Address ဘားမှာ လိုဂိုလေးတွေထည့်မယ်


ကျွန်တော် တို့ ဘလော့ဂ်တစ်ခုကိုဝင်လိုက်ပြီဆိုရင် ဘရောက်ဇာရဲ့ ထိပ်မှာရှိတဲ့ လိပ်စာ ဘားမှာ ဘလော်ဂါကွန် ရဲ့လိုဂိုလေး ကိုဒီလိုတွေ့ရမှာ ဖြစ်ပါတယ်...။


ကဲ ဒီနေရာလေး ကို ကိုယ်ပိုင်လိုဂိုလေး အဖြစ်ပြောင်းချင်သူ များအတွက် ဘယ်လိုလုပ်ရမလဲဆိုတာ လေး ဝေမျှပေးချင်ပါတယ်သိပြီးသူများ သိပြီးဖြစ်ကောင်းဖြစ်နေမှာ ဖြစ်ပေမယ့် မသိသေးသူများ လုပ်ရမှာ ခက်ခဲနေသူများ အတွက် ရည်ရွယ်ပြီး ဝေမျှလိုက်တာပါ...။

လုပ်ပုံလုပ်နည်းကတော့ အလွန်လွယ်ကူပါတယ် ကဲစလိုက်ကြရအောင်...

(၁)  ပထမဦးဆုံး ဘလော့ဂ် ရဲ့ Template  ကိုဝင်လိုက်ပါ..

(၂)   ပြီးရင်တော့ Edit HTML ထဲကိုထပ်ဝင်လိုက်ပါ...
ctrl+f ဖြင့်တွဲကလစ်ပြီးကျလာတဲ့  search box မှာ အောက်ကကုဒ်ထည့်ရှာပါ
အဲဒီမှာ ကုဒ်တွေထဲက

<head>
ဆိုတဲ့ကုဒ်လေးရဲ့ နောက်မှာဒီကုဒ်ကိုထည့်လိုက်ပါ...

<link href='http://www.fos.su.se/~arnold/travel/asia2001/myanmar_flag.gif'
rel='shortcut icon'/>

အထက်ကလင့်လေးတွေဘဲလေ.. အပြာရောင်လင့်တွေက လိုဂို ပုံရဲ့လင့်ပါ။
အပေါ်ကလင့်က မြန်မာနိုင်ငံအလံလေးပါ။


<link href='http://www.flagsimporter.com/american/images/buddhist_m.gif'
rel='shortcut icon'/>
အပေါ်ကတော့ သာသနာ့အလံလေးရဲ့ လင့်ပါ။
 မိမိတို့စိတ်တိုင်းကြပုံရဲ့ လင့်ကို လင့်ယူပြီး စိတ်ကြိုက် ထည့်နိုင်ပါတယ်....
အဆင်ပြေပါစေနော်..
အောင်အောင်(မကစ) ရဲ့ ဘလော့ခရီးသည်လေးအား အားပေးနေကြတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်.. တုန့်ပြန်မှုအနေနဲ့ fb like လေးတော့ လုပ်ပေးခဲ့ကြပါနော်.. တတ်စွမ်းသမျှ တွေ့ ရှိသမျှလေးတွေကို ပြန်လည် မျှဝေနေပါ့မယ်...။ 


ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

Related Posts:

  • ဘလော့ကာရဲ့ post by name ကိုပြောင်းနည်း ( C-Box တောင်းဆိုမှု )  မင်္ဂလာပါ.. ခုတင်တဲ့နည်းပညာလေးကတော့  တောင်းဆိုထားတာလေးပါ  တောင်းဆိုထားသူကတော့ zawzaw: zawzaw: အကိုခင်ဗျာ post by name နေရာမှာနာမည်ပြောင်းချင်လိုဘယ်လိုပြောင်းရမလဲအကိုတပ်ပလပ်သုံးထားပါတယ်  .   … Read More
  • Blog ရေးသားနည်း အခြေခံ Blog ရေးသားချင်သူများ၊ ဘယ်ကနေစပြီး ရေးရမယ်ဆိုတာ မသိသူများအတွက် အခြေခံ Blog ရေးသားနည်းအား ပုံနှင့်တကွ ရှင်းလင်းချက်များနှင့် Ebook စာအုပ်လေး ကို ရေးသားပြီး မျှဝေလိုက်ပါသည်။ မမိုးရေးသားသောစာအုပ်အား မည်သူမဆို၊ မည်သည့်နေရ… Read More
  • How To Creat Blog Post With Android  မင်္ဂလာပါ ဘလော့နည်းပညာဆိုင်ရာများကို အားပေးနှစ်သက်ကြသော မိတ်ဆွေများအတွက် သည်နေ့ ကျွန်တော် ရေးသားဖြစ်တာလေးကို ပြန်လည် မျှဝေပေးလိုက်ပါတယ်..သည်နည်းလမ်းလေးကိုလည်း လူတော်တော်များများက လာလာမေးနေတဲ့အတွက် ခုလိုရေးသားပြီး ရှင်း… Read More
  • ♫♪ Blog လုပ်နည်း အပြည့်အစုံ ♫♪   မိမိမှာ Gmail Account တစ်ခုရှိပြီး၊ မြန်မာလိုစာစီနိုင်ရန်အတွက် ZawGyi Font ကိုလည်း Install ပြီးခဲ့ပြီဆိုရင် Blog တစ်ခုကို စတင်ဖန်တီး နိုင်ကြပါပြီ။ Blog တစ်ခုတည်ဆောက်ဖို့ရန် လုပ်ဆောင်ရမည့် အဆင့်များကို … Read More
  • မိမိကိုယ်ပိုင်ဆိုဒ်မှာ Zawgyi-Unicode Blog-page Font changer လေးထည့်ကြမယ် ခုနောက်ပိုင်း ဘလော့ဂါတွေမှာUnicode ဖောင့်တွေအသုံးများလာကြပါတယ်၊၊တစ်ချို့ ဘလော့ဂါတွေ ဟာ ဇော်ဂျီလဲလက်မလွှတ်နိုင် ယူနီကုဒ်လဲ လက်မလွှတ်နိုင်ဖြစ်နေတတ်ပါတယ် (အနော့်လိုပေါ့ ...:D)။ အဲဒီလိုလူမျိုးတွေအတွက်မရှိမဖြစ်ရ… Read More

0 comments:

Post a Comment