Monday, 27 July 2015

How To Search Any Code Html In Your Blog Template





မင်္ဂလာပါ ကျွန်တော် သည်နေ့ ရေးဖြစ်လာတဲ့ နည်းပညာလေးကတော့  ဘလော့ကာဆိုင်ရာ နည်းလမ်း လေးဘဲဖြစ်ပါတယ်.. ဒါကတော့ ခုနောက်ပိုင်း Template ဒီဇိုင်းတွေရဲ့ ပြောင်းလဲ လာမှုကြောင့်
ကျွန်တော် တို့တတွေဟာ  ကုဒ်ဒင်းတွေ ရှာဖွေ တဲ့နေရာမှာ တော်တော် အခက်ခဲဖြစ်စေခဲ့ပါတယ်.. လွန်ခဲ့တဲ့ 2010-2012-တွေတုန်းကလို မဟုတ်ဘဲ တဖြေးဖြေး ပြောင်းလဲလာတဲ့ အခြေနေက
သတိမထားမိတဲ့အခါ မျက်စိလည် စေသလိုဖြစ်ခဲ့ရပါတယ်.. ခု Template တွေရဲ့ ထူးခြားချက်ကတော့
သူဟာ အတွင်းက ကုဒ်တွေကို ခေါက်ထားတဲ့အချက်ပါဘဲ..အရင်ကဆို ဘာကုဒ်ဘဲ ရှာရှာ ရှိတာဆို တန်းထွက်လာတယ်..ခုတော့ ရှိနေတဲ့ ကုဒ်ကို ရှာတာတောင် မတွေ့ဘဲ ဖြစ်ဖြစ်နေတဲ့ ပြသနာနဲ့ ကြုံ နေရတဲ့အခါ မှာ  ဘလော့ကာ လူသစ်များဖြစ်တဲ့ ညီငယ်လေးတွေအတွက် ခဏခဏ လာလာမေးတာကို ဖြေပေးနေရပါတယ်... ဒါကလည်း ကုဒ်တွေကို အကုန်မပြထားဘဲ ခေါက်ထားတဲ့ စတစ်ကြောင့်လို့ ပြောရမှာဖြစ်ပါတယ်...  ဒါကို ကျွန်တော်တို့ ဘယ်လိုရှာကြမလဲဆိုတဲ့ နည်းလမ်းလေးကို.. ကျွန်တော် အလွယ်ကူဆုံး ဖြေရှင်းလိုက်ပါတယ်နော်..အောက်မှာ ကြည့်လိုက်ပါ..

နမူနာအားဖြင့် Template ထဲမှာ အရှာရတော်တော် ခက်ခဲတဲ့ ကုဒ်လေးတခုကို နမူတာအဖြစ်ပြလိုက်ပါတယ်....

     ]]></b:skin>   
 ဆိုတဲ့ ကုဒ်လေးကို နမူနာအဖြစ် လေ့လာလိုက်ကြတာပေါ့

  အဆင့် (အနေနဲ့ မိမိတို့ဘလော့ကာအကောင့်ကိုဝင်ပါပြီးတာနဲ့ ပုံမှာပြထားသလို Template ကိုဝင်ရမှာဖြစ်ပါတယ်..။


 အဆင့် (၂ ) အနေနဲ့ကတော့ Template Coding တွေဆီအရောက်သွားဖို့ ဖြစ်ပါတယ်...အဲအတွက်
Edit Template ဆိုတာဆက်ကလစ်လိုက်ပါ။ 



အဆင့် (၃) အနေနဲ့ကတော့ ကုဒ်ထဲရောက်တာနဲ့ ကုဒ်တွေထဲမှာ ကာဆာတချက်(မောက်တချက်) ကလစ်ပြီး ကီးဘုတ်က   Ctrl+F    ဆိုတာကိုတွဲကလစ်လိုက်ပါ.. ညာအပေါ်ထောင့်မှာ Search Box လေးကျလာပါလိမ့်မယ်....။ကျလာတဲ့ဘောက်မှာ အစောက ရှာလိုတဲ့
]]></b:skin> ဆိုတာကိုတိုက်ရိုက်ရှာမတွေ့ခဲ့ပါက   b:skin    ကိုသာရေးပြီး Enter ခေါက်ပါ။
ဒါဆိုအောက်ကပုံတိုင်းတွေ့ပါမယ်... တွေ့တဲ့ခါ သူ့ရှေ့မှာ ရှိနေတဲ့ မျှားအနက်လေးကို ကလစ်ပြီး ကုဒ်ခေါက်ထားတာတွေကို ဖြေလိုက်ပါ... နောက် Enter တချက်ထပ်ခေါက်ပါ...အိုကေ

 
 အဆင့် (၄)   ကတော့ လိုခြင်တဲ့ ကုဒ်ကိုတွေကနေတာ မြင်ရပါမယ်...ဒါဆို မိမိတို့ ရှာနေတဲ့ကုဒ်ကို တွေကနေတာမို့ အဆင်ပြေပါပြီနော်....သည်ကုဒ်လေးဟာ အရှာရခက်ဆုံးလို့ပြောလို့ရမှာပါ.. Widget တွေတော်တော်များများကလည်း သည်ကုဒ်ဒင်းလေးကိုအခြေခံပြီး ထည့်ပေးရတာ တော်တော် တွေ့ဖူးပါတယ်  ဒါကြောင့် ဒါလေးကို နမူနာထားလိုက်ရခြင်းဖြစ်ပါတယ်...။



 မှတ်ချက်   ။                     ။  နားလည်သိတတ်သလို ကလိနိုင်ရန် Jump To Widget ဆိုတာလေးပါ။


အဆင်ပြေပါစေလို့ မျှော်လင့်ရင်း


ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

[IMG]
[IMG]

Related Posts:

  • Lable လေးတွေတစ်ခုခြင်းဆီ ကို Recent post အဖြစ်ဖော်ပြမယ် ဒီနေ့ရေးသားဖြစ်တဲ့အကြောင်းရာလေး က တော့ မိမိ တို့ Blog မှာ ရှိတဲ့ Lable လေးတွေတစ်ခုခြင်းဆီ ကို Recent post အဖြစ်ဖော်ပြနိုင်မယ့်နည်းလမ်းကောင်းလေးပါပဲ..အကျယ်ရှင်းပြရမယ်ဆိုရင်တော့ Mobile နှင့် ပတ်သက်သမျှ ကဏ္ဍ ကို recent post … Read More
  • Blogger Link Colour နဲ့ Font Size တွေကို အလွယ်တကူပြင်ကြမယ် သည်နည်းလေးကတော့..ကျွန်တော်တို့ ဘလော့တွေမှာ တခါတခါ စိတ်တိုင်းမကျဖြစ်တတ်တာတွေ ရှိပါတယ်.. အဲတာကတော့ လင့်ကာလာနဲ့  အရွယ်အစားတွေကိုပါဘဲ.. သေးရတာနဲ့ ကြီးးရတာနဲ့ပေါ့.. နောက်...အရောင်ကိုသဘောမကျတာနဲ့ ဖြစ်တတ်လို့ပ… Read More
  • How To Search Any Code Html In Your Blog Template မင်္ဂလာပါ ကျွန်တော် သည်နေ့ ရေးဖြစ်လာတဲ့ နည်းပညာလေးကတော့  ဘလော့ကာဆိုင်ရာ နည်းလမ်း လေးဘဲဖြစ်ပါတယ်.. ဒါကတော့ ခုနောက်ပိုင်း Template ဒီဇိုင်းတွေရဲ့ ပြောင်းလဲ လာမှုကြောင့် ကျွန်တော် တို့တတွေဟာ  ကုဒ်ဒင်းတွေ ရှာဖွေ တဲ… Read More

1 comment: