Wednesday 24 June 2015

YAHOO အကောင့်ဖွင့်နည်း 2-STEP ပြုလုပ်နည်း



မင်္ဂလာပါ ကျွန်တော် သည်နေ့ရေါ်သားဖြစ်တာလေးကတော့ Yahoo အကောင့်ဖွင့်နည်းနဲ့ 2Step ခံထားနည်း တို့ဖြစ်ပါတယ်.. သည်အကောင့်ကတော့ ကျွန်တော်တို့ မြန်မာပြည်မှာတော့ တော်တော် အသုံးနည်းတာ တွေ့ရပါတယ်... အားလုံးလိုလို Gmail ကိုဘဲ အစွဲပြု သုံစွဲနေကြတာကိုတွေ့ရပါတယ်.. တကယ်တမ်းကြတော့ Yahoo အကောင့်ဟာ  Gmail အကောင့်ထက် ပိုမို ခိုင်မာတယ်ဆိုတာကို ဟက်ကင်းလောကသားတွေ ပြောပြချက်အရ သိရပါတယ်.. Gmail ကတော့ အသုံးတွင်ကျယ်လာတာနဲ့အမျှ ထိုးဖောက်မှုတွေ ဆိုင်ရာမှာလည်း နည်းလမ်းတွေ များပြားလာတာ အမှန်ပါဘဲ.. ထိုးဖောင်ဖို့လည်းပိုမိုလွယ်ကူစေတာကို တွေ့ရှိရပါတယ်.. ဒါကြောင့် သည်လိုလေးတွေ ပြောင်းလဲအသုံးပြုစေရန်အတွက် ရည်ရွယ်ပြီး ရေးသားလိုက်ရခြင်းဖြစ်ပါတယ်..
အောက်မှာ ပုံလေးများနဲ့အတူ ရှင်းပြထားပါတယ်..
ပထမဆုံး မိမိတို့အနေဖြင့်  Yahoo.Com ကိုဝင်ရောက်ရပါမယ်...


ကနေ မိမိတို့ အကောင့်တခုတည်ဆောက်ဖို့အတွက်စတင်ရမှာဖြစ်ပါတယ်..အိုကေစကြတယ်.
 အဆင့် (၁)  အနေဖြင့် Creat Account  ဆိုတာကလစ်လိုက်ပါ...........။

အဆင့် (၂)      ကတော့ ဆက်လက်ပြီးဘလိုအ်ပသောအချက်လက်များကို ဖြည့်ပေးလိုက်ရမှာဖြစ်ပါတယ်.
သည်နေရာမှာ မိမိတို့ ဖြည့်တာမှာ တခုခုမှားနေပါက အနီရောင်စာသားဖြင့် ပြသထားပါမယ်..
နောက်တခါ ပြောင်းလဲ ဖြည့်စွပ်လိုက်ပါ...။

 အဆင့် (၃)    ကိုတော့ Verification Code တွေထည့်ပေးရပါမယ်  သည်ကောင်ကတော့ ကုဒ်တွေပြေးလွှားနေတာကြောင့် မျက်စိလည်တတ်ပါတယ်.. စာလုံးအမည်းဖြင့် ရှိနေသော ကုဒ်တွေကိုသာ ပြသထားသည့်တိုင်း ပြန်လည်ရေးသားပေးလိုက်ပါ။


အဆင့်  (၄)    ကတော့ကုဒ်ထည့်တာ မှန်ကန်တဲ့အတွက်  Get Started ဆိုတာနဲ့ဆက်သွားလိုက်ပါ။
 အဆင့် (၅)    မှာမိမိတို့ လျှောက်နေတဲ့အကောင့် အောင်မြင်ကြောင်းပါ.. Yahoo  Mail ရရှိပါပြီ
 မှာဆက်လက်ပြီး 2Step ခံနည်းရှင်းပြသွားပါမယ်...ညာဘက်အပေါ်ထောင့်မှာ Setting လိုအ၀ိုင်းလေးဖြစ်တဲ့ Help ဆိုတာကလစ်ပြီး  Account Info ကိုသွားပေးပါ..။

အဆင့် (၆)   မှာစတင်ပါမယ် 2Step ခံနည်းကို...သည်မှာလုပ်ရမှာဖြစ်ပါတယ်...မိမိတို့ Account Info ရောက်တာနဲ့ Account Security ဆိုတာလေးကိုကလစ်လိုက်ပါ။အဲမယ် တွေ့ပါပြီ... Two Step Verification  ဆိုတာနောက်မှာ ပုံမှာပြထားသလိုလေးပေါ့... အဲတာလေးကို ကလစ်ပေးလိုက်ပါ။

အဆင့် (၇)   ကိုဆက်လက် လုပ်ဆောင်ကြမယ်...ဖုန်းနံပါတ် ခံရမယ်  မိမိနိုင်ငံရွေးချယ်ပါ..နောက် မိမိဖုန်းနံပါတ် ထည့်ပေးပါ.. အောက်မှာ Send SMS  နဲ့  Call  Me  ဆိုတာ ၂ခုထဲ့ တခုခုရွေးလိုက်ပါ..။


အဆင့်  (၈)  ကတော့ ကုဒ်ချပေးဖို့ ဖုန်းထဲမှာ Message ၀င်လာတာကို စောင့်ပါမယ်..ရတာနဲ့ ထိုကုဒ်ကို ဖြည့်ပေးလိုက်ပါ..။

အဆင့် (၉)   မှာ မိမိလ်ုပဆောင်ချက် အောင်မြင်ပြီဆိုတာ တွေ့ရမှာဖြစ်ပါတယ်  Skip for now ကိုကလစ်လိုက်ပါ...။


အဆင့် (၁၀)   ကြတော့ မိမိတို့ Account Security မှာ Two Step Verification လေးဟာ 0n နေတဲ့အနေထားမှာေ တွ့ရတာနဲ့ အဆင်ပြပါပြီနော်....

ဒါကတော့ အကောင့်တခုအတွက် မရှိမဖြစ် လိုအပ်တဲ့  2Step ခံနည်းဘဲဖြစ်ပါတ.ယ်... သည်နည်းလေးကိုတော့  ခုနည်းပညာလောကမှာ လူတိုင်းလိုလို လုပ်ဆောင်နေကြပါပြီ..
အကောင့်တွေကို.. အလွယ်တကူ ဟက်လို့မရနိုင်အောင်  ရခဲ့တောင်မှ မိမိအကောင့်ကို အလွယ်တကူ ၀င်လို့မရအောင် လ်ုပဆောင်တဲ့ နည်းလမ်းလေးဘဲဖြစ်ပါတယ်.. တကယ်လည်း ထိရောက်မှု ရှိပါတယ်...
အဓိက Facebook တွေမှာ မဖြစ်မနေလိုလို သုံးကြပါတယ်... နည်းပညာခေတ်မှာ နည်းပညာ တိုးတက်လာသည်နဲ့အမျှ... ဟက်ကင်းဆိုတဲ့နည်းပညာတခုဆိုလည်း ထိပ်ဆုံးကနေ ရပ်တည်နေတာပါ...
အကောင့်တခု ရဖို့ မခက်ခဲပေမယ့်  မိမိ အတည်တကျ သုံးစွဲနေတဲ့အကောင့်လေး အလွယ်တကူ သူတပါးဆီပါမသွားအောင်တော့ ထိမ်းသိမ်းကြရမှာဖြစ်ပါတယ်...
အားလုံးအဆင်ပြေမယ်လို့ မျှော်လင့်ရင်း  
ဘလော့ခရီးသည်
ဘလော့ခရီးသည်သို့ { ဒီမှာ } သွားလိုက်ပါ
ဘလော့ဆိုင်ရာနည်းပညာများ{ ဒီမှာ } သွားလိုက်ပါ
စွယ်စုံစာအုပ်စင်{ ဒီမှာ } သွားလိုက်ပါ

[IMG]
[IMG]

0 comments:

Post a Comment