Wednesday 20 May 2015

How to Activate 2 Step Verification in AppBox


မင်္ဂလာပါ  ကျွန်တော် သည်နေ့ ရေးသားဖြစ်တာလေးကတော့ BOX အသုံးပြုကြတဲ့ မိတ်ဆွေများအတွက်
မိမိတို့ အသုံးပြု ထားတဲ့အကောင့်လေးကို  2 Step ခံနည်းလေးဘဲ ဖြစ်ပါတယ်.. ဒါလေးကိုတော့ ကျွန်တော့်ညီလေး  ၀သုန်ဦး  ကနေ ပုံလေးတွေဖန်တီးပေးထားပါတယ်... လိုအပ်သူများအတွက် သိရှိထားသင့်တဲ့ အကြောင်းရာ နည်းပညာလေးဖြစ်တာမို့ ကျွန်တော် ပြန်လည် ဝေမျှလိုက်ခြင်းဖြစ်ပါတယ်
အောက်မှာ ပုံလေးတွေနဲ့ အတူ သေခြာ ရှင်းပြထားပါတယ်..လေ့လာလိုက်ပါအုံးနော်...

အဆင့် (၁) အနေနဲ့ မိမိတို့ ဖုန်းမှာ ဖြစ်စေ  ကွန်ပျူ တာဖြင့် ဖြစ်စေ ဘောက်ဆာကနေ app box.com ကိုဝင်ရမှာဖြစ်ပါတယ်..  ပုံမှာပြထားသလို Log In မှာ မိမိတို့ အသုံးပြုထားတဲ့ အီးမေးနဲ့ ပါတ်ဝပ် ထည့်ဝင်ပေးလိုက်ပါ...

အဆင့် (၂)  အနေနဲ့ ဆက်လက်ပြီး All  File ဆိုတာရှေ့က မျဉ်းခြစ်လေးတွေ ကလစ်ပါ.. နောက် step 4 ပုံမှာပြထားသည့်အတိုင်း Go To Desktop Site ဆိုတာကိုကလစ်ပြီးသွားလိုက်ပါ ။

အဆင့် (၃)  မှာတော့ step 5 ပုံမှာပြထားသလို တက်လက် ကလစ်ပေးလိုက်ပါ..အဲနောက်တော့ Account Setting ဆိုတာကိုရွေးချယ်ပေးလိုက်ပါ။

အဆင့် (၄) ကိုတော့ ပုံထဲကတိုင်း Security ဆိုတာကိုကလစ်ဝင်လိုက်ပါ.. ပြီးတာနဲ့ Login Vertification ဆိုတာလေးဘေးက အကွက်လေးကို အမှန်ခြစ်ပေးလိုက်ပါ..။


အဆင့် (၅)  ဆက်လက်ပြီးတော့ မိမိတို့ အသုံးပြုတဲ့ နိုင်ငံကို ရွေးချယ်ပြီးတာနဲ့ မိမိတို့ ဖုန်းနံပါတ်ကို ထည့်ပေးရမှာဖြစ်ပါတယ်.. ဒါဆို မိမိတို့ အကောင့် 2 STEP အတွက် ကုဒ်ချပေးမှာဖြစ်ပါတယ်...

အဆင့် (၆)  ကိုတော့အားလုံး အဆင်ပြေသလောက်ဖြစ်ပါပြီ  ဖုန်းမှာ ပို့လာတဲ့ ကုဒ် ထည့်ပြီးတာနဲ့
မိမိတို့ အကောင့်အတွက် လ်ုပဆောင်ချက် ပြီးမြောက်အောင်မြင်မှာဖြစ်ပါတယ်..ဗျာ


အားလုံး အဆင်ပြေကြလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်..ဆက်လက်ပြီး ကောင်းနိုးရာရာ နည်းပညာလေးများကို  ပြန်လည် ဝေမျှရင်း တင်ပေးသွားပါမယ်....

0 comments:

Post a Comment