Tuesday 19 May 2015

ဘလော့ဂါတွေ အတွက် အခုရက် နောက်ပိုင်းသတိရှိကြပါ..။


မင်္ဂလာပါ... ဘလော့ကာမိတ်ဆွေအပေါင်းတို့  သတိပြုဆင်ခြင် ဖွယ်ရာ နည်းလမ်းလေးကို ကျွန်တော်
အထူးတလည် ရှင်းလင်း ပြောပြခြင်ပါတယ်.. ဒါပေမယ့် ကျွန်တော် ကိုယ်တိုင် မနေ့ တနေ့ကဘဲ...
ကျတော့်ရဲ့  လယ်တီမြေသား  ဆိုဒ်အပါအ၀င်  ကိုလတ် (ကျွဲဆင်း-နည်းပညာ) နဲ့ Programming Class စတဲ့ ဘလော့သုံးခုကို  Blogger Team  ကနေဖျက်ချခြင်းခံလိုက်ရပါတယ်... အမှန်တော့ ကျွန်ောတ်တို့ ဘလော့ကာတွေအနေနဲ့ သတိမမူဂူမမြင် ဖြစ်နေကြပါတယ်... ဘလော့ကာရဲ့ စဉ်းမျဉ်းစဉ်းကမ်းတွေကို လေ့လာသင့်ပါတယ်... လေ့လာ သိရှိသလောက်လည်း ပြန်လည် မျှဝေကြပါလို့  ကျွန်တော် တိုက်တွန်းပါရစေ.. အခုကျွန်တော် မျှဝေလိုတာလေးကတော့ သတိပြုဖွယ်လေးပါ ကျွန်တော့် ဆရာ...သူငယ်ချင်းလည်းဟုတ်တဲ့      ကိုရန်လေး      
ရေးသားထားတဲ့ ပို့စ်လေးကို မျှဝေခြင်းဖြစ်ပါတယ်... နောက်နောင် ကိုရန်လေးရဲ့ အကူညီဖြင့် ဘလော့ကာ ရဲ့ သော့ချက်တွေ လုံခြုံရေးတွေကို  သင်ယူပြီးပြန်လည် မျှဝေပါ့မယ်...

      အောက်မှာ လေ့လာလိုက်ပါနော်
ဒီပို့စ်က မြန်မာဘလော့ဂါတွေ အနေနဲ့ အထူးသတိထားရမှာဖြစ်သလို လာရောက်လည်ပတ်သူတွေနဲ့ပါ ပူး
ပေါင်းလုပ်ဆောင်ရတော့မယ့် ကိစ္စဖြစ်ပါတယ်။ ဒါကဘာလဲဆိုတော့ Google ရဲ့ Policy အပြောင်းအလဲမှာ
သူ့ရဲ့ တစ်စိတ်တပိုင်းဖြစ်တဲ့ Blogger Rule ပြောင်းလဲသွားမှုဖြစ်ပါတယ်။
အဓိကရင်းမြစ်ကတော့ DMCA Policy အပေါ် Blogger Team ရဲ့အရေးယူမှု ပြောင်းလဲမှုက အတော် တုန်
လှုပ်စရာကောင်းနေတာဖြစ်ပါတယ်။ အရင်က DMCA ငြိတဲ့ ကိစ္စကို ကိုင်တွယ်အရေးယူတဲ့နေရာမှာ
Blogger Team က Blogger Admin ရဲ့မေးထဲကိုစာပို့ပြီး ဘယ်ပို့စ်ကတော့ဖြင့်မူလ Company ရဲ့ မူပိုင်ခွင့်
ကိုထိခိုက်လို့ အဲဒီပို့စ်ကိုတော့ Draft လုပ်ထား လိုက်ကြောင်း ကို အကြောင်းကြာတာဖြစ်ပါတယ်။
သို့ပေမယ့် အခုတော့ အဲလောက်တင်မဟုတ်တော့ပါဘူး..။ သူက ဘလော့ကိုပါယာယီပိတ်သိမ်းလိုက်ပြီး
ပို့စ်ကိုလည်း Draft လုပ်ထားလိုက်ပါတယ်။
အဲဒါ ကျွန်တော်ကိုယ်တိုင်ကြုံတွေ့ရတာဖြစ်ပါတယ်။
အဖြစ်အပျက်ကတော့ လတ်တလောဖြစ်ပျက်သွားတာပါ။ အချိန်က ယနေ့ 31.7.2013 ရဲ့ 7:30 PM အချိန်
ကဖြစ်ပါတယ်။


အဲဒါမျိုးဖြစ်သွားတာပါ။ ဒီနေရာမှာကျွန်တော်သာ အချိန်မှီမသိရှိပဲ အခြားတယောက်ကသာ Register ဝင်
လုပ်သွားရင်တော့ အခုပို့စ်တောင် ဖြစ်လာနိုင်စရာအကြောင်းမရှိပါဘူး.။ ကျွန်တော်ဖြစ်တဲ့ အကြောင်းရင်း
ရဲ့ အဓိက တရားလို ကြီးကတော့ ကျွန်တော်တို့ အချစ်တော် Microsoft ဖြစ်ပါတယ်။ သူ့နဲ့ပက်သတ်တဲ့ ပို့စ်
တွေကြောင့် အခုလို အရေးယူခံရတာဖြစ်ပါတယ်။ အောက်ကပုံပါအတိုင်းပါ..။




ကဲအဲဒီတော့ ကျွန်တော်တို့ ဘလော့ဂါတွေ အခုနောက်ပိုင်းအထူးသတိရှိကြဖို့ လိုအပ်နေပါပြီ..။ ဒါကတော့
အရင်ကထက်ပိုမိုပြင်းထန်လာတဲ့ အရေးယူမှုနောက်ဆက်တွဲ အကျိုးရလဒ်အောက်မှာ ကျွန်တော်တို့ ဖန်တီး
ထားသမျှ လေးတွေ သူများဆီပါသွားမှာ ကိုမချိတင်ကဲ ကြည့်နေရမယ့်အဖြစ် မကြုံစေချင်လို့ပါ။
နောက်တချက် အခုလို အရေးအကြောင်းအချိန်မှာ မြန်မာပြည် ရဲ့ အင်တာနက် စနစ် ထောက်ကူပေးမှုအား
နည်းနေချိန် ဖြစ်လေတော့ ပိုသတိထားရတော့မှာဖြစ်ပါတယ်။
ထားလိုက်ပါတော့အဖြစ်အပျက်ကို ပြန်ပြောမနေချင်တော့ပါဘူး..။ ဖြေရှင်းရမယ့်နည်းလမ်းအကြောင်းပဲ ပြော
ကြရအောင် ..။
ကျွန်တော်သုံးသပ်ရသလောက်တော့.. ကာကွယ်ဖို့ကတော့အတော်မလွယ်ပါဘူး..ဘာကြောင့်ဆိုကျွန်တော်
တို့လိုင်းပေါ်မှာ အမြဲမရှိနိုင်တာကြောင့်ဖြစ်ပါတယ်။ အဲတော့ကျွန်တော်တို့ ရဲ့ဘလော့လေးတွေသက်တမ်းက
ကျွန်တော်တို့ဆီလာရောက်လည်ပတ်သူတွေအပေါ် မူတည်နေတာတွေ့နိုင်ပါတယ်။လာလည်လို့အထက်က
ပုံမျိုးတွေ့ရင် မရိုးသားသူ၊ မကျေနပ်သူက သူ့မေးလ်ကိုသုံးပြီး အသာလေး ကောက်မသွားမှာဖြစ်ပါတယ်။
ဒီတော့ ကျွန်တော်တို့တွေ ရန်သူထက်မိတ်ဆွေပိုများဖို့လိုအပ်လာနေပြီဖြစ်ပါတယ်။ ဒါမှ ကျွန်တော်တို့ဆီ
လာလည်ရင်းအထက်ပါအဖြစ်မျိုးတွေ့လာရင်သူတို့ကသဘောထားပြည့်ဝစွာကျွန်တော်တို့ ဆီအကြောင်း ကြားခဲ့မယ်၊ ပြန်ပေးခဲ့ရင်တော့ အဆင်ပြေနိုင်ပါတယ်။ အဲလိုမှမဟုတ်ရင်တော့ .... .... ....
ဒါကြောင့် ဘလော့ဂါတွေ အနေနဲ့ အပြောအဆိုလေးတွေဆင်ခြင်ပြီး မိတ်ဆွေတိုးပွားဖို့ကို အဓိကထားရဖို့
ဖြစ်ပါတယ်..။ "ငါဆီလာနေတာ လူများပါတယ်..ငါပရိတ်သတ်တွေ ရှိပြီးသား ” လို့တော့ အပိုင်မတွက်ထား
သင့်တော့ပါဘူး.. ဘာကြောင့်ဆို လာနေတဲ့သူတိုင်းက ကိုယ်အပေါ်တကယ်လေးစား ပြီးအားပေးသူဖြစ်ချင်
မှဖြစ်မှာပါ။ အဲဒီအထဲမှာ မိမိတို့ပြိုင်ဘက်တွေ ရန်သူတွေ အကောက်ကြံမယ့်သူတွေ ပါလာတာကိုလည်း သ
ဘောပေါက်နားလည်ပြီးသားဖြစ်ကြမှာပါ။
နောက်တချက်က တော့ Backup လုပ်နည်းပါပဲ အဲဒီနည်းက မိမိ မူရင်း ဘလော့အမည် ပြန်ရချင်မှရနိုင်မှာ
ဖြစ်ပေမယ့် တင်ထားတဲ့ပို့တွေ လင့်တွေ Setting တွေ စတဲ့အားလုံးသော Data တွေပြန်လည်ရရှိနိုင်မှာဖြစ်
ပါတယ်။ ဒီနည်းကတော့ အကောင်းဆုံးဖြစ်နိုင်ပါလိမ့်မယ်။ ဒါကြောင့် အခုရက်နောက်ပိုင်းတွေမှာ အနည်း
ဆုံး သုံးရက်တခါ Backup လုပ်ဖို့လိုအပ်လာပါပြီ..။ ပို့စ် 500 လောက်ဆိုရင် မိမိဘလော့ရဲ့ Data Backup
က 5 MB
လောက်ရှိနိုင်ပြီး ပို့များရင် အများဆုံးကတော့ 35 MB လောက်ဖြစ်နိုင်ပါလိမ့်မယ်။ အဲလောက်ပ
မာဏဟာ ဘလော့ဂါတွေအနေနဲ့ ဒေါင်းဖို့ သိပ်အခက်အခဲမရှိနိုင်ဘူးထင်ပါတယ်..။
ဘလော့ကို Backup လုပ်ဖို့က အရင်ဆုံး

အကောင့်ကို Login ဝင်လိုက်ပါ..။

ပြီးရင်  Settings >> Other

Blog tools ထဲက Export blog ကိုနှိပ်ပါ။

ဒေါင်းလုတ် လုပ်ဖို့ပေါ်လာရင် Download Blog ကိုနှိပ်ပြီး မိမိသိမ်းချင်တဲ့နေရာကို ရွေးပေးလိုက်ပြီးရင်ရပါ
ပြီ။

အဲဒါလေးကို သိမ်းထားပြီး မိမိတို့ ဘလော့ ပျောက်ပျက်သွားရင် နောက်ထပ်ဘလော့တခု အသစ်လုပ်ပြီး
Settings >> Other ကိုသွားလိုက်ပြီး Blog Tools က Import Blog ကိုနှိပ်လိုက်ရင် ဘယ်က Data ကို
သွင်းမှာလဲ ဆိုပြီးပေါ်လာရင် ကိုယ်သိမ်းထားတဲ့  XML ဖိုင်လေးကို ပြန်ရွေးပေးလိုက်ရင် အဆင်ပြေပါပြီ.။

ကဲ ဒီလောက်ပါပဲဗျာ... ပြောချင်တာက အခုနောက်ပိုင်းရက်တွေမှာ မိမိတို့ ဘလော့နဲ့ သိပ်ကင်းကွာမနေ
ကြဖို့ မိမိတို့ ပရိတ်သတ်ကိုလည်း ဝိုင်းဝန်းကူညီ စောင့်ကြည့်ပေးဖို့ ပုံမှန် Backup လုပ်ထားကြဖို့တော့ မမေ့
မလျော့ သတိရှိကြဖို့ နှိုးဆော်တိုက်တွန်းလိုတာပဲဖြစ်ပါတယ်...

မိတ်ဆွေများအားလုံး အဆင်ပြေ ကြပါစေဗျာ...။


ခုလိုအားပေးတဲ့အတွက် အထူးကျေးဇူးတင်ပါတယ်... လိုအပ်တာများရှိပါက.. C-Box မှာပြောခဲ့ကြနိုင်ပါတယ်... အတတ်နိုင်ဆုံး ကြိုးစား ကူညီ မျှဝေသွားပါမည်... 
ဘလော့ခရီးသည် 

တို့မှာ လည်ပါတ်နိုင်ပါတယ်.....နော်

0 comments:

Post a Comment